ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ တက်ရောက်ကုသခဲ့တဲ့ လူနာဟာ ကိုဗစ်ကူးစက်ကြောင်း တွေ့ရှိရလို့ အဲဒီဆေးရုံကို lockdown ချလိုက်ကြောင်း သိရပါတယ်။ ပြည်မြို့ရှိ ဇော်မြင့်မိုရ် ဆေးရုံကို အောင်လံမြို့က ဆီးချိုသွေးချို ရောဂါသည်တစ်ဦး လာရောက် ကုသခဲ့ပြီး ကျန်းမာရေးအခြေအနေအရ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ရာက သေဆုံးခဲ့ပါတယ်။
ရိုက်ကူး /တည်းဖြတ် - ဟန်ထူးဇော်