အိန္ဒိယ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဟောင်းအား ဓနသဟာယ အထူးသံတမန်အဖြစ် ခန့်အပ်

အိန္ဒိယ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဟောင်းအား ဓနသဟာယ အထူးသံတမန်အဖြစ် ခန့်အပ်

ဒီဇင်ဘာ ၁၆

အိန္ဒိယအစိုးရ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဟောင်းအား ဓနသာဟာယ အထွေထွေအတွင်းရေးမှူးချုပ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs)များ ဖော်ဆောင်ရေးအတွက် အထူးသံတမန်အဖြစ် ခန့်အပ်လိုက်သည်။

သူသည် ဓနသဟာယ၏ တန်ဖိုးများနှင့် စည်းမျဉ်းများအား ကမ္ဘာတစ်ဝှမ်းတွင် မြှင့်တင်ရန်အတွက် အထွေထွေအတွင်းရေးမှူးချုပ် ပတ်ထရစ်ရှာစကော့လန်မှ သောကြာနေ့တွင် ခန့်အပ်ခဲ့သော သံတမန်နှင့် မြှင့်တင်သူ လေးဦးအနက် တစ်ဦးဖြစ်သည်။
 
ကဏ္ဍလေးရပ်သည် ဓနသဟာယ၏ ၅၄ နိုင်ငံနှင့် ၂.၅ ဘီလီယံခန့် လူများအား ထောက်ပံ့ကူညီရန် အဓိကအရေးများတွင် ပါဝင်သော ဒေသများအား တာဝန်ယူရမည်ဖြစ်သည်။

ထိုကဏ္ဍအသစ်များတွင် တာဝန်ယူထားသည့် အခြား ၃ဦးအနက် ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်နှင့် လူမှု စီးပွားရေး ကိစ္စရပ်များဆိုင်ရာ အထူးသံတမန်အဖြစ် ဝေလမင်းသား၏ အပြည်ပြည်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေး ယူနစ် ဒါရိုက်တာဟောင်း ဂျက်စတင်မွန်ဒေးဖြစ်သည်။

သူသည် လာမည့်နှစ် ဂလက်စ်ကို တွင် ပြုလုပ်မည့် COP26 အတွက် ပြင်ဆင်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများတွင် ပဲရစ်သဘောတူညီချက် ရည်မှန်းချက်များနှင့် သက်ဆိုင်ရာ SDGs များအား ရောက်ရှိနိုင်ရန် အရင်းအမြစ်များ စုဆောင်းခြင်းတို့ကို အဓိကထားကာ ဓနသဟာယ၏ ရာသီဥတုမဟာဗျူဟာအား ထောက်ပံ့သွားမည် ဖြစ်သည်။
 
အထွေထွေအတွင်းရေးမှူးချုပ်၏ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အထူးသံတမန်မှာ ရဝမ်ဒါ ဆေးဘက်ဆိုင်ရာ ဆရာဝန်၊ သံတမန်နှင့် နိုင်ငံရေးသမား ရစ်ချတ် ဆယ်ဇိုင်းဘယ်ရာ ဖြစ်သည်။ သူသည် ကျန်းမာရေးနှင့် အရည်အသွေးပြည့်ဝသော ပညာရေးနှင့် သက်ဆိုင်သော SDGs များ ရရှိရန် အာရုံစိုက်သွားမည်ဖြစ်သည်။

ထရာဗယ်တီသည် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် မညီမျှမှု လျော့ချရေး အပါအဝင် ကုလသမ္မဂ အစီအစဉ် ၂၀၃၀ နှင့် SDGs ၁၇ ခုအား အကောင်အထည်ဖော်ရန် အာရုံစိုက်လုပ်ဆောင်မည် ဖြစ်သည်။

နောက်ဆုံးတစ်ဦးမှာ အထွေထွေအတွင်းရေးမှူးချုပ်၏ အားကစားဆိုင်ရာ တန်းတူညီမျှမှုအတွက် မြှင့်တင်သူမှာ ဗြိတိန် ပါရှာလံပစ် အားကစားသမား အန်းဝါဖူလာစထရိုက်ဖြစ်သည်။

သူမ၏ အခန်းကဏ္ဍသည် အားကစားဆိုင်ရာ ကြိုးပမ်းမှုများ ဆက်သွယ်ရန်နှင့် အားကစား၊ ငြိမ်းချမ်ရေးနှင့် အားကစား တန်းတူညီမျှမှု ဖွံ့ဖြိုး တိုးတက်လာစေရန် အကောင်အထည်ဖော်ခြင်းများအား ထောက်ပံ့ကူညီရန်ဖြစ်သည်။

ကြေငြာချက်တွင် အထွေထွေအတွင်းရေးမှူးချုပ် ပတ်ထရစ်ရှာစကော့လန်က “ဒီလို ထူးကဲ့တဲ့ အရည်အချင်း၊ စွမ်းရည်နဲ့ အတွေ့အကြုံရှိတဲ့ အထူး သံတမန်နဲ့ မြှင့်တင်သူတွေက ဓနသဟာရ၏ တန်ဖိုးတွေ စည်းမျဉ်းတွေ မြှင့်တင်ရာမှာ ကူညီဖို့ သဘောတူညီခဲ့တာကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ပိုမိုကောင်းမွန်စွာ ဖြည့်စွမ်းနိုင်ဖို့နဲ့ ကျွန်မတို့ရဲ့ အကူအညီလိုအပ်နေတဲ့ ဓနသဟာယမှာရှိ လူပေါင်း ၂.၅ ဘီလီယံကို ပိုမို ကူညီလာနိုင်ပါတယ်”ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly