မန္တလေးမှာ ပုတ်သိုးလွယ် ကုန်စည်တွေ နယ်ကျော် ပို့ခွင့်ကတ် ထုတ်ပေးဖို့ တောင်းဆို

10 December 2020
မန္တလေးမှာ ပုတ်သိုးလွယ် ကုန်စည်တွေ နယ်ကျော် ပို့ခွင့်ကတ် ထုတ်ပေးဖို့ တောင်းဆို

မန္တလေးခရိုင်ရှိ မြို့နယ် ခုနှစ်မြို့နယ်ကို ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေဖို့အတွက် မြို့နယ်ကျော် သွားလာခွင့် ပိတ်ပင်ထားတဲ့အတွက် ပုတ်သိုးလွယ်တဲ့ ကုန်စည်ရောင်းချသူတွေ အနေနဲ့ အဆင်မပြေ ဖြစ်ပေါ်လျက်ရှိပါတယ်။တစ်မြို့နယ်ထဲမှာပဲ ရောင်းချခွင့်ရတဲ့အတွက် အရင်က ရောင်းချရသလောက် မရောင်းရတဲ့အတွက် သီးနှံတွေ မရောင်းရဘဲ ပျက်စီးကုန်သလို ဒီအတိုင်းဆိုရင် စားဝတ်နေရေး ခက်ခဲလာတော့မှာ ဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ်၊ ဂန်ရွာက ကိုကျော်မင်းထွန်းက ပြောပါတယ်။

ရိုက်ကူး/ တည်းဖြတ် - ထက်မြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly