တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်ကူးစက်ရောဂါတတိယလှိုင်းကိုရင်ဆိုင်ရန် ကွန်တိန်နာများကို ဆေးရုံကုတင်များအဖြစ် ပြောင်းလဲ

တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်ကူးစက်ရောဂါတတိယလှိုင်းကိုရင်ဆိုင်ရန် ကွန်တိန်နာများကို ဆေးရုံကုတင်များအဖြစ် ပြောင်းလဲ

ကြာသပတေးနေ့ကတောင်ကိုရီးယားအာဏာပိုင်များသည်ကိုရိုနာဗိုင်းရပ်စ်နောက်ဆုံးလှိုင်းတွင် ကုသ ရေးဆိုင်ရာပစ္စည်းများလျော့နည်းမသွားစေရန် အားထုတ်ကြိုးပမ်းသည့်အနေဖြင့်ကွန်တိန်နာများကို ဆေးရုံကုတင်များအဖြစ်ပြောင်းလဲရန်လုပ်ဆောင်လျက်ရှိသည်။တောင်ကိုရီးယားတွင် ရောဂါ ကူးစက်သူ အနည်းငယ်ကျဆင်းသွားပြီး ကြာသပတေးနေ့က  ၆၈၂ ဦးကူးစက်ခံခဲ့ရသည်။ 

ကူးစက်ရောဂါပြန်လည်ဖြစ်ပွားလာသည့်အတွက်ဆေးရုံကုတင်များဆိုးဆိုးရွားရွားပြတ်လတ်သွားမည်ကိုစိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည်။ဆိုးလ်မြို့တွင်ပထမဆုံးအကြိမ်ကူးစက်ရောဂါစတင်ဖြစ်ပွားစဉ်ကပင် ကွန်တိန်နာများအားဆေးရုံကုတင်များအဖြစ်အမြန်ဆုံးပြောင်းလဲခဲ့သည်။ 

ဆိုးလ်မြို့တော်တစ်ဝန်းတွင်ဗိုင်းရပ်စ်ကူးစက်မှုရှိ မရှိစစ်ဆေးနိုင်သည့် ယာယီနေရာ ၁၅၀ ခန့်ကိုတိုးမြှင့် ထားရှိရန်ကျန်းမာရေးအာဏာပိုင်များမှစီစဉ်လျက်ရှိသည်။ 

“ရနိုင်သမျှအရင်းအမြစ်တွေကိုသုံးပြီးဆိုးလ်မြို့တော်မှာဗိုင်းရပ်စ်ကူးစက်မှုရပ်တန့်သွားအောင်အစွမ်းကုန်ကြိုးပမ်းသွားမှာပါ” ဟု ကျန်းမာရေးဝန်ကြီး ပတ်နင်-ဟို မှပြောကြားခဲ့သည်။ 

“အရေးအကြီးဆုံးကအလွန်တစ်ရာရောဂါပြင်းထန်နေတဲ့လူနာတွေအတွက်ပြည့်စုံတဲ့ဆေးရုံတွေနဲ့ဆေးရုံကုတင်တွေလုံလောက်အောင်လုပ်ထားဖို့ဖြစ်ပါတယ်။ဒါမှသာလူနာတွေအနေနဲ့အချိန်မီဆေးကုသခံနိုင် မှာဖြစ်ပါတယ်”ဟု ပတ်နင်-ဟို မှပြောကြားခဲ့သည်။ 

ယခုရက်သတ္တပတ်အတွင်း လူစုလူဝေးမပြုလုပ်ရန်တင်းကျပ်စွာစည်းကမ်းသတ်မှတ်ခဲ့သော်လည်း ကြာသပတေးနေ့ကရောဂါကူးစက်သူအသစ် ၆၈၂ ဦးကိုတွေ့ရှိခဲ့ရသည်။ ယခင်ကနေ့စဉ် ရောဂါကူးစက် သူဦးရေ ၆၈၆ ဦးအထိရှိခဲ့ပြီးနောက် ယခုကဲ့သို့ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။  အဆိုပါပမာဏသည် တောင်ကိုရီးယားနိုင်ငံအတွင်း ပထမဆုံးဗိုင်းရပ်စ်ကူးစက်သူလူနာစတင်တွေ့ရှိခဲ့ရသည့် ဇန်နဝါရီလ နောက်ပိုင်းကူးစက်မှုဒုတိယအမြင့်ဆုံးပမာဏဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ် တားဆီးရေးအေဂျင်စီ (Korea Disease Control and Prevention Agency- KDCA ) ထံမှသိရှိရသည်။ 

လွန်ခဲ့သည့်ရက်သတ္တပတ်ကျော်အတွင်းရောဂါကူးစက်သူအသစ် ၆၀၀ ခန့်တွေ့ရှိခဲ့ရပြီး လူနေထူထပ် သည့် ဆိုးလ်မြို့တော်တစ်ဝိုက်တွင်ရောဂါကူးစက်သူများကိုခြေရာခံရန်ခက်ခဲလျက်ရှိသည်။ ကူးစက် ရောဂါ ပထမလှိုင်းနှင့်ဒုတိယလှိုင်းကာလတွင်ဆိုးလ်မြို့၌ရောဂါကူးစက်ခံရမှုအနည်းငယ်သာရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly