ပါကစ္စတန်လူ့အခွင့်အရေးအဖွဲ့မှ ခရစ်ယာန် မိန်းကလေးအတွက် တရားမျှတမှု တောင်းဆို

ပါကစ္စတန်လူ့အခွင့်အရေးအဖွဲ့မှ ခရစ်ယာန် မိန်းကလေးအတွက် တရားမျှတမှု တောင်းဆို

ဒီဇင်ဘာ ၅ ၊ ၂၀၂၀

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Human Rights Focus Pakistan (HRFP) သည် ၁၆နှစ်အရွယ် ခရစ်ယာန်မိန်းကလေး ရှီဇာ မက်ဆွတ်ဒ်ကို ပြန်ပေးဆွဲမှုအား ရှုတ်ချခဲ့သည်။ ဖိုင်ဆလာဘတ်မှ ထိုခရစ်ယာန်မိန်းကလေးသည် ပြန်ပေးသမားများထံမှ လွတ်မြောက်ခဲ့သည်။
 
HRFP အချက်အလက်ရှာဖွေရေးအဖွဲ့သည် ဓားစာခံထံသို့ သွားရောက်ခဲ့ပြီး သူမနှင့် မိသားစုအား မေးမြန်းခဲ့ကာ ဥပဒေနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးခဲ့သည်။  

ရှီဇာ မက်ဆွတ်ဒ်အား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေခင်းတွင်  တာလာ ဟိုင်ဒါ  နှင့်အတူ ဆူလ်မန် ဘီလာဝယ်လ်  နှင့် နိုမီ တို့က သူမ၏ နေအိမ်မှ ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး အမည်မသိနေရာတစ်ခုသို့ ခေါ်ဆောင်သွားကာ တာလာ က သူမအား တစ်လကျော်ကြာ လိင်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများ ပြုခဲ့ကြောင်း HRFP အဖွဲ့သို့ ပြောပြခဲ့သည်။
 
“အောက်တိုဘာ ၁ရက်နေ့မှာ ပြန်ပေးသမားတွေက သူမကို ဒေသဗလီတစ်ခုကို ခေါ်သွားပြီးတော့ အစ္စလာမ်ဘာသာအဖြစ် အတင်းအဓ္ဓမ ပြောင်းလဲခဲ့တယ်ဟု ရှီဇာ မက်ဆွတ်ဒ်က ထပ်ပြောခဲ့သည်။”ဟု HRCP မှ ထုတ်ပြန်သော စာတွင် ပါရှိသည်။

“သူတို့က သူမကို လက်ထက်ထိမ်းမြားဖို့ရယ် အစ္စလာမ်ဘာသာကို လေးစားလိုက်နာမယ်ဆိုတဲ့ ကျမ်းကျိန်ချက် ဗီဒီယိုတွေရအောင် ဖိအားပေးခဲ့တယ်။ သူမက ငြင်းဆန်ဖို့ကြိုးစားတာနဲ့ သူမတင်မက သူ့တစ်မိသားစုလုံးကိုပါ သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်”ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly