ဝန်ကြီးချုပ်အား ထိုင်းတရားရုံးက အမှုအနိုင်ပေး၍ စုရုံးဆန္ဒပြ 

ဝန်ကြီးချုပ်အား ထိုင်းတရားရုံးက အမှုအနိုင်ပေး၍ စုရုံးဆန္ဒပြ 
Photo - AFP

ဒီဇင်ဘာ ၃

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာအနေနဲ့ ရာထူးကနေ ဖယ်ရှားတာ ခံရနိုင်ခြေရှိတဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်ရတာမှာ တရားရုံးက အမှုအနိုင်ပေးလိုက်တာကြောင့် ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာကြား စိတ်ဆိုးဒေါသထွက်ကြရပါတယ်။ 

စစ်တပ်က ထွက်ခွာပြီးပေမယ့်လည်း စစ်တပ်အိမ်ရာမှာ ဆက်လက်နေထိုင်နေတာဟာ အကျိုးစီးပွား ထိပ်တိုက်တွေ့မှု မရှိဘူးဆိုပြီး ပရာယွတ် ချန်အိုချာကို ဘုရင့်တိုင်းပြည်ရဲ့ တရားသူကြီး ကိုးဦးပါ ဖွဲ့စည်းပုံခုံရုံးက စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ချန်အိုချာဟာ သူ ရာထူးကနေ နုတ်ထွက်ပေးဖို့ လပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြတာတွေနဲ့ ဖိစီးရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ 

စီရင်ချက်ကို လေးစားဖို့ တရားရုံးက သတိပေးတာကို အာခံကြပြီး ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်ထွက်ကြကာ တရားစီရင်ချက်က တရားမျှတမှု မရှိဘူးလို့ ရှုတ်ချကြပါတယ်။ 

၂၀၁၄ ခုနှစ်မှာ စစ်တပ်အကြီးအကဲအဖြစ်ကနေ ပရာယွတ်က နုတ်ထွက်ပြီးပြီပေမယ့် ဝန်ကြီးချုပ်တစ်ဦးအဖြစ်နဲ့ စစ်တပ်အိမ်ရာမှာ နေထိုင်ခွင့်ရှိတယ်ဆိုပြီး တရားရုံးက စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။ 

“ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာရဲ့ အနေအထားဟာ ဝန်ကြီးချုပ်အဖြစ်ရယ်၊ ကာကွယ်ရေးဝန်ကြီး မပြောင်းမလဲဘဲ ရှိနေဆဲဖြစ်တဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်တယ်။”လို့ တရားသူကြီးချုပ်က ပြောပါတယ်။ 

ဒီ စီရင်ချက်ကြောင့် ထိုင်းနိုင်ငံအတွင်းမှာ ဇူလိုင်လကစတင်ပြီး နိုင်ငံကို လှုပ်ခတ်နေစေတဲ့ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပြီး ရာထူးရယူခဲ့တဲ့ ပရာယွတ် ချန်အိုချာ နုတ်ထွက်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ပိုပြီး စိတ်ဆိုးဒေါသထွက်စေခဲ့တာပဲ ဖြစ်ပါတယ်။ 

ဘန်ကောက်မြောက်ပိုင်းက အဓိကလမ်းဆုံတစ်ခုမှာ ဆန္ဒပြအင်အား ၅၀၀၀ နီးပါးက စုရုံးခဲ့ကြပါတယ်။ ဒီ စုရုံးဆန္ဒပြမှုအတွင်းမှာ ယူနီဖောင်း မဝတ်ထားကြတဲ့ အထက်တန်းကျောင်းသား ကျောင်းသူတွေလည်း ပါဝင်ကြပြီး ဆန္ဒပြသင်္ကေတဖြစ်တဲ့ အဝါရောင်ဘဲရုပ်ပုံ ဆံညှပ်တွေကို တပ်ဆင်ထားကြပါတယ်။ 

“ကျွန်မ မအံ့ဩပါဘူး၊ ဘာကြောင့်လည်းဆိုတော့ တရားရုံးက အထက်က ညွှန်ကြားချက် အမိန့်အတိုင်း ဆောင်ရွက်နေတာပဲလို့ ကျွန်မ ထင်တယ်။ ဒီ တရားရုံးဟာ မျှတမှု မရှိဘူး။”ဆိုပြီး တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ရီဒါက ပြောပါတယ်။ 

“အတိတ်မှာလည်း တရားရုံးတွေဟာ ပြည်သူတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေကို အမြဲတမ်းပဲ ချမှတ်ခဲ့တယ်။”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly