တရုတ်၏  BRI  အစား အခြားတစ်ခုကို လုပ်ဆောင်ရန် အမေရိကန်နှင့် ထိုင်ဝမ်ကြိုးပမ်းလျက်ရှိ

တရုတ်၏  BRI  အစား အခြားတစ်ခုကို လုပ်ဆောင်ရန် အမေရိကန်နှင့် ထိုင်ဝမ်ကြိုးပမ်းလျက်ရှိ

ဒီဇင်ဘာ ၂

ထိုင်ဝမ်နှင့် အမေရိကန်ပြည်ထောင်စုသည် တရုတ်၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း အစား အာရှနှင့် လက်တင်အမေရိကရှိ အခြေခံအဆောက်အဦနှင့် စွမ်းအင် စီမံကိန်းများအား ငွေကြေးထောက်ပံ့ရန် အစီအစဉ်အား ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုင်ဝမ် ဘဏ္ဍာရေး ဝန်ကြီးအဆိုအရ ယင်းမဟာမိတ်သည် အခြေခံအဆောက်အဦ ဖွံဖြိုးရန် ရန်ပုံငွေရှာဖွေလျက်ရှိသော နိုင်ငံများအား ပိုမို ပွင့်လင်းမြင်သာမှုကို ပေးနိုင်ကြောင်း သိရသည်။

 “ထိုင်ဝမ်နဲ့ အမေရိကန်က ပိုမို ပွင့်လင်းမြင်သာမှုရှိအောင် ပုဂ္ဂလိဂ ကဏ္ကနေရတဲ့ ငွေအရင်းအနှီးကို အသုံးပြုပြီးတော့ အာရှနဲ့ လက်တင်အမေရိကမှာရှိတဲ့ အခြေခံအဆောက်အဦနဲ့ စွမ်းအင်စီမံကိန်းတွေကို ငွေကြေးထောက်ပံ့ဖို့ အစီအစဉ်ကို ဆက်လက်လုပ်နေကြတယ်”ဟူ ဝန်ကြီး Su Jain-rong က တိုင်ပေမှ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ပထမစီမံကိန်းများသည် လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း စတင်သည်ကို မြင်တွေ့လိုကြောင်း သူက ဆိုခဲ့သည်။

အမေရိကန်နှင့် တိုင်ဝမ်အကြား စက်တင်ဘာတွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်မှ အစပြုခဲ့သော အစီအစဉ်သည် ထိုင်ဝမ်ဘဏ်များ၊ အာမခံကုမ္ပဏီများနှင့် အခြား ပုဂ္ဂလိဂ ရင်းနှီးငွေ အစရှိသည်တို့မှတစ်ဆင့် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်သည်။

ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်းသည် ပေကျင်း သို့မဟုတ် တရုတ်အစိုးရမှ ချေးငွေများအပေါ် အလွန်အမင်း မှီခိုနေရပြီး တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများက ပါဝင်လျက်ရှိသည်။ သို့ရာတွင် ထိုင်ဝမ်-အမေရိကန် အစီအစဉ်မှာ “ပုဂ္ဂလိဂ အခန်းကဏ္ဍပါဝင်မှုကို အဓိက အားပေးပြီး ဈေးကွက်မှတစ်ဆင့် ရန်ပုံငွေရှာဖွေမည်ဖြစ်ရာ လွန်စွာပင် ပွင့်လင်းမြင်သာမှုရှိမည်ဖြစ်ကြောင်း” Su က ဆိုခဲ့သည်။

ကမ္ဘာ့ဘဏ် ဥက္ကဌ David Malpass က မေလတွင် နိုင်ငံ ၂၀ ပါ အဖွဲ့အား အစိုးရကြွေးမြီစာချုပ်များ၏ ပွင့်လင်းမြင်သာမှုရှိစေရန် တိုက်တွန်းခဲ့ပြီး ၎င်းသည်သာ “လူများ၏ အကျိုးစီးပွားနှင့် ကြွေးမြီနှင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်များအား လက်မှတ်ရေးထိုးသည့် လူတို့အကျိုးစီးပွားအကြား ဘက်ညီရန်” တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ဆိုခဲ့သည်။

 ထိုင်ဝမ် အခြေခံအဆောက်အဦ ချေးပေးမှုသည် ချေးငွေ-ရောင်းချမှု ဖြစ်စဉ်အတွင်း တစ်စိတ်တစ်ပိုင်းအဖြစ် ပမာဏ မြင့်တင်ခြင်း၊ လျော့ချခြင်းနှင့် ရည်ရွယ်အသုံးပြုခြင်း စသည့် သတင်းအချက်အလက်များအား ပိုမို ထုတ်ဖော်ကာ ပို၍ ပွင့်လင်းမြင်သာစေရန် ရည်ရွယ်သည်။
ထိုင်ဝမ်သည် တတိယနိုင်ငံများ(EU အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများ)တွင် အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုများအတွက် အမေရိကန်ပူးပေါင်းဆာင်ရွက်မှုများ တိုးချဲ့မှုတွင် နောက်ဆုံး ပါဝင်လာခြင်းဖြစ်သည်။ Su ၏ အဆိုအရ အခြားသော နိုင်ငံ ၁၆ နိုင်ငံသည်လည်း ဝါရှင်တန်နှင့် အလားတူ သဘောတူညီချက်ရရှိထားပြီး ထိုနိုင်ငံများမှ ကုမ္ပဏီများသည် အခြေခံအဆောက်အဦ စီမံကိန်းများအား ငွေကြေးထောက်ပံ့ရန် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုဘဏ္ဍာရေးကော်ပရေးရှင်းနှင့် လက်တွဲလုပ်ဆောင်မည်ဖြစ်သည်။

တရုတ် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ဒေါ်လာ ၅၇၅ ဘီလီယံခန့် တန်ဖိုးရှိ စီမံကိန်းများအား လုပ်ဆောင်ပြီး သို့မဟုတ် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ယမန်နှစ် ကမ္ဘာ့ဘဏ် ခန့်မှန်းချေအရ သိရသည်။
 
အမေရိကန်သည် နိုင်ငံတကာဖွံ့ဖြိုးမှုဘဏ္ဍာရေးကော်ပရေးရှင်းနှင့် ပုဂ္ဂလိဂ‌ ရင်းနှီးငွေများမှတစ်ဆင့် ၂၀၂၅ တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား အမေရိကန်ဒေါ်လာ ၇၅ဘီလီဘံခန့် ရင်းနှီးမြှုပ်နှံမည်ဟု ခန့်မှန်းထားသည်။
ထိုင်ဝမ်အတွက် မူဘောင်အား ငွေကြေားထောက်ပံ့ခြင်း၏ အဓိက အကျိုးအမြတ်သည် ငွေသားကြွယ်ဝသော အာမခံကုမ္ပဏီများအား အမေရိကန်မှ နိုင်ငံရေးထောက်ပံ့မှုရထားသည့် ပြည်တွင်းတွင် ရရှိနိုင်သည်ထက် ပိုမိုကောင်းမွန်သော အကျိုးအမြတ်အား ရှာဖွေရန် အခွင့်အရေး ဖန်တီးပေးနိုင်ခြင်းဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသည် ထိုင်ဝမ်အား တရုတ်၏ လွှမ်းမိုးမှုကို တွန်းလှန်ရန် အိမ်ဖြူတော်၏ ကြိုးပမ်းမှုများဖြင့် အဓိက မဏ္ဏိုင်အဖြစ် ထောက်ခံပေးခဲ့သည်။ ဇန်နဝါရီတွင် ဂျိုးဘိုင်ဒန်က တာဝန်ယူခဲ့အပြီးတွင်လည်း ဘဏ္ဍာရေး ပူးပေါင်းမှုတွင် ပြောင်းလဲမှုများစွာ မရှိခဲ့ကြောင်း Su က ဆိုခဲ့သည်။ သူက တူညီသော အကျိုးစီးပွားများနှင့် ဝါရှင်တန်တွင် ထိုင်ဝမ်အပေါ် ပါတီနှစ်ခု ခိုင်ခိုင်မာမာထောက်ခံမှုအား အသိအမှတ်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly