တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အသစ် ဘယ်သူဖြစ်မလဲ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အသစ် ဘယ်သူဖြစ်မလဲ

အစိုးရ ၂ ရပ်လက်ထက်လုံး တပ်ချုပ်တာဝန်ယူထားခဲ့တဲ့ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ အသက် ၆၅ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။   

ကာကွယ်ရေးဌာနကောင်စီ (ကကန) ရဲ့ ၂၀၁၆ ခုနှစ် အမိန့်ထုတ်ပြန်ချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ အသက် ၆၅ နှစ်အထိပဲ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။   

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမယ့်နှစ်မှာ အငြိမ်းစားယူနိုင်တယ်ဆိုတာကို နိုဝင်ဘာ ၂၇ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က သဲလွန်စသဘောမျိုးပြောဆိုထားပါတယ်။  

တည်းဖြတ် /တင်ဆက် - စိုးသူအောင်  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required