ရန်ကုန်တိုင်းဒေသကြီးအပြင် ကျန်တိုင်းဒေသကြီးများတွင် ယခင် အောက်တိုဘာလကထက် ယခု နိုဝင်ဘာလတွင် COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။ ပဲခူးတိုင်းဒေသကြီးတွင် အောက်တိုဘာလအတွင်းက ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လူဦးရေ ၂၀ မှ ၃၀ အတွင်းသာ ပိုးတွေ့ရှိပြီး အချို့ရက်များတွင်မူ ထို့ထက်နည်းပြီး တွေ့ရကြောင်း တိုင်းကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ရန်နိုင်မောင်က ပြောသည်။
တည်းဖြတ် /တင်ဆက် - လာဘ်ရတနာဗိုလ်