တောင်ကိုရီးယားနိုင်ငံမှာလည်း အိမ်တိုင်ရာရောက် ပစ္စည်းပို့တဲ့လုပ်ငန်း အတော်အောင်မြင်နေပါတယ်။ ဒါပေမယ့် ဒီလို မှာယူအားများလာတာနဲ့အမျှ ပစ္စည်းပို့တဲ့အလုပ်သမားတွေလည်း နေ့လည်စာစားချိန်တောင်မရဘဲ အလုပ်ချိန်ပိုလုပ်နေရပါတယ်။ တနေ့ကို အလုပ်ချိန် ၁၄ နာရီအတွင်း ပစ္စည်းထုပ် ၂၅၀ လောက် အပြီး ပို့ပေးရတာကြောင့် အလုပ်ပိပြီး ကျန်းမာရေး ထိခိုက်ရာက အသက်ဆုံးရှုံးနေရသူတွေလည်း ရှိပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို နန်းလောင်ဝ်က ပြောပြပါမယ်။