ရွေးကောက်ပွဲ အောင်ပွဲခံမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်အမည်မှားယွင်းပြောဆိုမှုအပေါ် USDP ပြောရေးဆိုခွင့် ရှိသူ တောင်းပန်

ရွေးကောက်ပွဲ အောင်ပွဲခံမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်အမည်မှားယွင်းပြောဆိုမှုအပေါ် USDP ပြောရေးဆိုခွင့် ရှိသူ တောင်းပန်

ရွေးကောက်ပွဲအပြီး ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့မှာ NLD ပါတီဝန်းရံသူတွေ အောင်ပွဲခံရင်း ဖြစ်ပွားခဲ့တဲ့ လူသေမှု ဓါးထိုးမှုတွေနဲ့ပတ်သက်တဲ့ ဖြစ်စဉ်ကို ပေါက်ခေါင်းမြို့မှာ ဖြစ်ခဲ့တယ်လို့ မှားယွင်းပြောဆိုခဲ့မှုအပေါ် ပေါက်ခေါင်း ပြည်သူ လူထုကို တောင်းပန်တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။

နိုဝင်ဘာ ၁၁ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ NLD ပါတီဝန်းရံသူတွေ အောင်ပွဲခံနေတာကို တားဆီးခဲ့တဲ့ USDP ပါတီ ဝန်းရံသူတစ်ဦး ပေါက်ခေါင်းမှာ အသတ် ခံရတယ်လို့ သူ့ရဲ့ မှားယွင်းပြောဆိုခဲ့မှု အပေါ် ပြန်လည်တောင်းပန်တာလည်းဖြစ်ပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly