စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော် နေရပ်ပြန်နိုင်ရေး ဒဘတ်ယန်ကျေးရွာမှာ မိုင်းရှင်းလင်း

စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော် နေရပ်ပြန်နိုင်ရေး ဒဘတ်ယန်ကျေးရွာမှာ မိုင်းရှင်းလင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာက စစ်ဘေးရှောင်အိမ်ထောင်စု ၂၁၆ စု နေရပ်ပြန် အခြေချ နေထိုင်နိုင်ဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အင်ဂျင်နီယာဌာနက တာဝန်ယူပြီး မိုင်းရှင်းလင်းရေး ကိစ္စကို နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ဆောင်ရွက်နေပါတယ်။
ကနဦး မိုင်းရှင်းလင်းရေး လုပ်နေတဲ့ အခြေအနေအရ မြစ်ကြီးနား - ဗန်းမော် ကားလမ်းဘေးက အိမ်ထောင်စု ငါးစုရဲ့ နေအိမ်နဲ့ ဒဘတ်ယန်ကျေးရွာအတွင်းက အိမ်ထောင်စု ၃၀ အတွက် စတင်ရှင်းလင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် /တင်ဆက် - ရန်အောင်ထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly