ပုဒ်မ ၂၆၁ မပြင်နိုင်သဖြင့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအများစု အနိုင်မရခြင်းဖြစ်ကြောင်း CNLD ပြော

ပုဒ်မ ၂၆၁ မပြင်နိုင်သဖြင့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအများစု အနိုင်မရခြင်းဖြစ်ကြောင်း CNLD ပြော

 တည်ဆဲ အ‌ခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ကို မပြင်ဆင်နိုင်သေးတာကြောင့် တိုင်းရင်းသားပါတီအများစု ရွေးကောက်ပွဲမှာအနိုင်မရခဲ့ဘူးလို့ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ပါတီ အထွေထွေ အတွင်းရေးမှုး ဆလိုင်းကျဲအိုဗျက်ထောင်း က ပြောပါတယ်။

 ပုဒ်မ ၂၆၁ ကို မပြင်နိုင်တာကြောင့် တိုင်းရင်းသားပါတီတွေကို မဲပေးလို့ အနိုင်ရလဲ လုပ်ပိုင်ခွင့်မရနိုင် တာကြောင့် အာဏာရနိုင်တဲ့ ပါတီတွေကိုပဲ မဲပေးတာ ဖြစ်နိုင်ကြောင်း သူက ပြောပါတယ်။

 
ရိုက်ကူး - ကိုတွီဒိမ်း

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - လာဘ်ရတနာဗိုလ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly