ဒီချုပ်အစိုးရဖွဲ့နိုင်မည်ဟု မုံရွာအောင်ရှင်ပြောကြား

ဒီချုပ်အစိုးရဖွဲ့နိုင်မည်ဟု မုံရွာအောင်ရှင်ပြောကြား

နိုဝင်ဘာ ၉ ၊ ၂၀၂၀

ကနဦးသတင်းများအရ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နောက်ငါးနှစ် ဆက်လက်အုပ်ချုပ်နိုင်ရန် အစိုးရဖွဲ့နိုင်သည့်အထိ မဲရလာဒ်အခြေအနေကောင်းနေကြောင်း ပါတီပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောသည်။
 
မဲအနိုင်ရရှိမှု အနည်းဆုံး ၆၀ ရာခိုင်နှုန်းရှိလိမ့်မည်ဟု မုံရွာအောင်ရှင်က ခန့်မှန်းလိုက်ပြီး  “ တိုင်းဒေသကြီးတော်တော်များများမှာ အခြေအနေကောင်းပါတယ်။ ပြည်နယ်အချို့မှာတော့ တော်တော်လေးရုန်းကန်ရပါတယ်။ ရခိုင်တို့ ကယားတို့မှာ ရုန်းကန်နေရပါတယ်။" ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly