ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအချို့၏ အားနည်းချက်ကြောင့်  ပြည်မြို့တွင် ဆန္ဒမဲပေးခွင့် မရသူ များရှိခဲ့

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအချို့၏ အားနည်းချက်ကြောင့်  ပြည်မြို့တွင် ဆန္ဒမဲပေးခွင့် မရသူ များရှိခဲ့

နိုဝင်ဘာ၈ရက်နေ့က ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တစ်ချို့ရဲ့ အားနည်းချက်ကြောင့် ပြည်မြို့ကမဲဆန္ဒရှင်အချို့ မဲပေးခွင့် ဆုံးရှုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
 

ပြည်မြို့က အမျိုးသားတစ်ဦးကတော့ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ မဲစာရင်းမှာ ၂ကြိမ်တိုင် တိုင် ပါဝင်ခဲ့ပေမယ့် မဲပေးရမည့်နေ့မတိုင်ခင်မှာ အရေးပေါ်ဆေးရုံတက်ခဲ့ရပြီး ပြန်ဆင်းလာတဲ့အချိန်မှာ အိမ်တိုင်ရာရောက် မဲပေးခွင့်မရခဲ့တာကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့ရတယ်လို့ ကာယကံရှင်ရဲ့ သားဖြစ်သူက ပြောပါတယ်။

ရိုက်ကူး - ဟန်ထူးဇော်

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - ကျော်ဇောဟိန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly