ရှားတော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် KySDP ပါတီ အသာစီးရ

ရှားတော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် KySDP ပါတီ အသာစီးရ

နိုဝင်ဘာ ၈ ၊ ၂၀၂၀

ရှားတော ပြည်သူ့လွတ်တော် မဲဆန္ဒနယ်တွင် လက်ရှိမဲရေတွက်မှုအရ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP )က အပြတ်အသတ်အနိုင်ရရှိ နေကြောင်းသိရသည်။

အဆိုပါ မဲဆန္ဒနယ်တွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မိုးမြာနှင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

ရှားတောတောင်ပိုင်းစုစည်းမဲရုံတွင် NLDကိုယ်စားလှယ်လောင်း ဒေါ်ဝင့်ဝါထွန်း က ၁၈မဲ KySDP ကိုယ်စားလှယ်လောင်း ဒေါ်မိုးမြာက ၂၇၁မဲ ရရှိထားကြောင်းသိရသည်။

လက်ရှိရှားတောမြို့ပေါ်ရပ်ကွက်တွင် မဲ ရေတွက်မှုအရ ဒေါ်မိုးမြာကခိုင်လုံမဲ ၇၀၀ ကျော်ရရှိထားကြောင်း သိရသည်။ အမျိုးသားလွတ်တော်နှင့် ပြည်နယ်လွတ်တော် များအတွက် ရလဒ်များမှာမူ ထွက်ပေါ်ခြင်း မရှိသေးပေ။

ထို့အတူ ဖရူဆိုမြို့နယ်၊ ကေးလျားမဲရုံတွင်လည်း လွတ်တော်(၃)ရပ်အတွက် မဲရေတွက်မှုများ အရ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP အနိုင်ရရှိထားသည်။

ပြည်သူ့လွတ်တော်နေရာ အတွက် KySDP ပါတီက ခိုင်လုံမဲ - ၄၃၁မဲ ၊ NLDပါတီက – ၂၃ မဲ နှင့် USDPပါတီက ၂၈မဲ ဖြင့် KySDPပါတီ အနိုင်ရရှိကြောင်း သိရသည်။

အမျိုးသားလွတ်တော်နေရာအတွက် KySDPပါတီက ၄၂၇မဲ၊ NLDပါတီက ၃၃မဲ၊ USDPပါတီက ၁၄ မဲ ရရှိခဲ့သည်။

ပြည်နယ်လွတ်တော်နေရာအတွက် KySDPပါတီက ၄၄၁ မဲ ၊ NLD ပါတီက ၁၄ မဲ၊ USDPပါတီက ၁၇
မဲ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly