တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာအတွက် မဲဆန္ဒရှင်တချို့မဲပေးခွင့်မရ 

တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာအတွက် မဲဆန္ဒရှင်တချို့မဲပေးခွင့်မရ 

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အသီးသီးက တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နေရာအတွက် သက်ဆိုင်ရာတိုင်းရင်းသားတွေ မဲပေးခွင့်မရတဲ့ ဖြစ်စဉ်ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၈ရက်နေ့မှာ အခုလိုသက်ဆိုင်ရာတိုင်းရင်းသားတွေအနေနဲ့ မဲပေးခွင့်မရခဲ့တာဟာဆိုရင် ရန်ကုန်တိုင်း၊တနင်္သာရီတိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့တို့မှာ ဖြစ်ပွားခဲ့တာပါ။ 

သက်ဆိုင်ရာ တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တို့အတွက် မဲပေးခွင့်ရပေမယ့် သက်ဆိုင်ရာ လူမျိုးရေးရာ ဝန်ကြီးနေရာအတွက် မဲစာရင်း မပါဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် မဲပေးခွင့်မရခဲ့တာလို့ မဲဆန္ဒရှင်တွေက ပြောပါတယ်။ 

တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - သီရိဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly