မဲပေးအပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘာပြောလဲ

မဲပေးအပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘာပြောလဲ
Photo - AFP

နိုဝင်ဘာ ၈ ၊ ၂၀၂၀

" ရဲဘော်ရဲဘက်တွေ၊ လုပ်ဖောက်ကိုင်ဖက်တွေနဲ့ အတူတူ မဲပေးချင်လို့ အဓိက ဒီနေ့မှ မဲပေးတာပါ။ ကျနော်ကတော့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဒီအပေါ်မှာ အလေးထားတဲ့ ပါတီပေါ့။ နောက်တခါ  တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီပေါ့။ ကျနော်အမြဲတမ်းပြောတယ်။"

" ကျနော်တို့ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်လို့ရတဲ့ပါတီကို ကျနော်ရွေးချယ်ပြီး ပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်တဲ့သူကိုလည်း ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။"

" ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး။ လက်ခံရမှာပဲ။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောကတွေ ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါဟာ ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်၊ နိုင်ငံသူ၊ နိုင်ငံသားတွေ ခံစားနေရတဲ့သောကကို ဖြေသိမ့်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမှာပဲ။"
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly