ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်

ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်
Photo Creadit - CRD Chan Thar

နိုဝင်ဘာ ၆ ၊ ၂၀၂၀

 ပဲခူးမြို့ ဥသာမြို့သစ်အုန်းတောလမ်းရှိ ပဲခူးတိုင်းဒေသကြီးရွေးကော်ပွဲကော်မရှင်ရုံးတွင် နိုဝင်ဘာ၆ရက် ညနေ၃နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဦးသိန်းဒန်က ပြောသည်။

“ဗုံးပေါက်တာဟုတ်ပါတယ်ဗျ။ ကျနော်ကနေ့လည်၂နာရီခွဲလောက်မှာ ခရိုင်ရွေးကော်ရုံးကနေပြန်တာ ကျနော်ပြန်ပြီးတအောက်လောက်နေမှ တိုင်းရုံးထဲက အခန်းတခုထဲမှာပေါက်တာပေါ့။ ကျနော်သိသလောက်က စာရွက် စာတမ်းထားတဲ့နေရာဖြစ်မယ်။ ဌာနလူကြီးတွေထိုင်တဲ့နေရာတော့မဟုတ်ဘူးဗျ အခုတော့ တပ်က လာစစ်နေတယ်”လို့ ဦးသိန်းဒန်က အတည်ပြုပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ စာရွက်စာတမ်းအချို့ ပျက်ဆီးမှုသာ ရှိခဲ့ကြောင်းသိရသည်။

“ကျနော်ကတော့ တော်တော်လေးကို မယုံနိုင်စရာကိစ္စဘဲလေ။ တစ်ခါမှလဲ ဒီလိုကိစ္စမျိုး မကြုံဖူးဘူးဆိုတော့ခါကျတော့ ကျနော်ကတော့ စိုးရိမ်တယ်။ ရွေးကောက်ပွဲလဲနီးလာပြီ ကပ်နေပြီ အဲ့တော့ ဒီရွေးကောက်ပွဲ အောင် အောင်မြင်မြင်ဖြစ်ရေးကအစ ကျနော်တို့အတွက်အရေးကြီးတယ်လေ။ ဒီအတွက်အနှောက်အယှက်အဟန့်အတားတွေက လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ကျနော်မြင်တယ်။ အခုလိုကိစ္စက အရမ်းစိုးရိမ်တယ်ပေါ့နော်”ဟု ဦးသိန်းဒန်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ထံ  ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly