ကျပ်သိန်း ၁၅၀၀၀ဆုကို တာမွေမြို့နယ် မောင်လုံးစတိုးမှ ဆွတ်ခူး

ကျပ်သိန်း ၁၅၀၀၀ဆုကို တာမွေမြို့နယ် မောင်လုံးစတိုးမှ ဆွတ်ခူး
ဓာတ်ပုံ - Zaw Minn Khant

နိုဝင်ဘာ ၁

တနင်္ဂနွေနံနက်မှာထွက်ရှိသည် (၂၁)ကြိမ်မြောက် အောင်ဘာထီဆု၏ အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်း ၁၅၀၀၀ဆုကြီး ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေအဝိုင်းထိပ်မှာ ဖွင့်လှစ်ထားသည့် မောင်လုံးစတိုးဆိုင်မှ ကိုကျော်ဇောဆိုသူ ဆွတ်ခူးသွားခြင်းဖြစ်ကြောင်း  ထီရောင်းချသူ ဦးသောင်းမြင့် ကပြောသည်။

ဦးသောင်းမြင့်က “ အခုပေါက်တဲ့ မောင်လွန်းစတိုးက အမြဲတမ်းထိုးနေကျဆိုတော့ ဆိုင်ကိုလစဉ်သွားပို့တာပါ။ အထူးမင်္ဂလာစုံတွဲရယ်၊ အခြားထီအစောင်တွေလည်းအများကြီးထိုးပါတယ်။ တစ်လကို အနည်းဆုံး နှစ်သိန်းခွဲ၊  သုံးသိန်းဖိုးလောက်ထိုးပါတယ်။ အရင်လတွေကတော့ ဆုသေးလေးတွေပေါက်ပါတယ်။” ဟု မဇ္ဈိမသို့ ပြောသည်။

ဓာတ်ပုံ - Zaw Minn Khant

ကိုကျော်ဇောပေါက်သည့် ကျပ်သိန်း ၁၅၀၀၀ဆုမှာ မိုးယံနှင့် မြတ်ဆုကုဋေထီဆိုင်မှ အထူးမင်္ဂလာစုံတွဲ ၄၁စောင်မှ ပေါက်ခြင်းဖြစ်ပြီး အရင်လများကလည်း ထီဆုအသေးလေးများ ပေါက်လေ့ရှိကြောင်း ၎င်းကပြောသည်။

ယခုတပတ် အောင်ဘာလေထီမှ ဌ ၁၁၁၉၃၇ ဖြင့် ကျပ်သိန်း၁၅၀၀၀၊ ကျပ်သိန်း ၁၀၀၀၀ဆုကို ယ ၅၃၉၃၅၄ ဖြင့် ပခုက္ကူခိုင်ကျော်ဝါထီဆိုင်၏ ထီလက်မှတ်လက်ကျန်များထဲက ဆွတ်ခူးသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required