ဒီအင်န်အေ ခြေရာခံ ရှာဖွေရာမှ နှစ်ပေါင်း ၄၀ ကျော် ကွဲကွာနေသည့် မိသားစု ပြန်လည်ပေါင်းထုပ်

ဒီအင်န်အေ ခြေရာခံ ရှာဖွေရာမှ နှစ်ပေါင်း ၄၀ ကျော် ကွဲကွာနေသည့် မိသားစု ပြန်လည်ပေါင်းထုပ်

အောက်တိုဘာ ၃၁

တောင်ကိုရီးယား ဈေးတစ်ဈေးအတွင်း နှစ်နှစ်သမီးအရွယ်လောက်က မိသားစုနှင့် ကွဲကွာခဲ့ရသူ အမေရိကန်နိုင်ငံ ဗားမောင့်ပြည်နယ်နေ တောင်ကိုရီးယား အမျိုးသမီးတစ်ဦးသည် ၎င်း၏ မိခင်နှင့် မွေးချင်းမောင်နှမများအား နှစ်ပေါင်း ၄၄ နှစ်အကြာတွင် ရှာဖွေနိုင်ခဲ့ပြီး video chat မှတစ်ဆင့်  မိသားစု ပြန်လည်ဆုံဆည်းနိုင်ခဲ့သည်။ 

မွေးချင်း မိသားစုကို ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ကြောင်း၊ သွေးရင်းသားရင်း မိသားစုများနှင့် ဆက်သွယ်ပေးသည့် တောင်ကိုရီးယား အမွေးစားခံများကို ကူညီပေးနေသော စီမံ ကိန်းတစ်ရပ်တွင် ပါဝင်ရန် တောင်ကိုရီးယားနိုင်ငံသို့ ၂၀၁၆ ခုနှစ်က သွားရောက်ခဲ့ကာ ဒီအင်န်အေ စစ်ဆေးစမ်းသပ်ခံခဲ့ကြောင်း စပရင်းဖီးနေ အသက် ၄၆ နှစ်အရွယ် ဒန်နစ်မတ်ကာတီဆိုသူက ပြော သည်။ 

သူ၏ ဒီအင်န်အေနှင့် ကိုက်ညီသူများကို တွေ့ရှိပြီဖြစ်ကြောင်း ယခုလအတွင်း မတ်ကာတီထံသို့ ဖုန်းဖြင့် အကြောင်းလာပြီးနောက် ရက်အနည်းငယ်အကြာတွင် မတ်ကာတီသည် သူအမေ၊ သူအစ်ကိုနှင့် သူနှင့် ရုပ်ချင်းဆင်တူသော သူအမြွာညီအစ်မတို့နှင့် ပထမဆုံးအဖြစ် ဗီဒီယိုကောဖြင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ 

တောင်ကိုရီးယားနာမည် ဆန်အီအဖြစ် မွေးဖွားခဲ့သူ မတ်ကတ်တီသည် အမြွာညီအစ်မ ဆန်ဟီနှင့်အတူ အသက် နှစ်နှစ်သမီးအရွယ်လောက်၌ ဆိုးလ်ရှိ နမ်ဒယ်မွန်ဈေးတွင် ဘွားအေဖြစ်သူနှင့် လူချင်းကွဲသွားကြခြင်း ဖြစ်သည်။ နောက်ပိုင်း နှစ်ရက်အကြာ၌ ဆန်ဟီကို ပြန်တွေ့သော်လည်း ဆန်အီမှာမူ နှစ်နာရီ ခရီးဝေးသည့် မိဘမဲ့ ဂေဟာတစ်ခုသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကာ မိသားစုများက ပြန်ရှာမတွေ့နိုင်တော့ခြင်း ဖြစ်သည်။ 

၁၉၇၆ ခုနှစ်တွင် အမေရိကန်စုံတွဲတစ်တွဲက သူအား မွေးစားခဲ့ခြင်း ဖြစ်ပြီး သူက နေမကောင်း၍ ဆေးရုံ၌ စွန့်ပစ်ခံရသည့် ကလေးဟု ထို စုံတွဲကို ဂေဟာက ပြောခဲ့ခြင်း ဖြစ်သည်ဟု မတ်ကာတီက ပြော သည်။ 

မတ်ကာတီ၏ အသက် ၇၈ နှစ် ရှိနေပြီဖြစ်သော မိခင် လီအွန်းဆန်းက ပျောက်ဆုံးသွားသည့် သူ့ သမီးကို ရှာဖွေတာ ဘယ်တုန်းကမှ မရပ်ခဲ့ကြောင်း ပြောသည်။ 

ယခုတွင် ၎င်းတို့ မိသားစုသည် ကိုဗစ်ကပ်ဘေး လွန်မြောက်ပြီး နိုင်ငံတကာ ခရီးသွားလာမှုများများ ဘေးကင်းသည့် အချိန်၌ တွေ့ဆုံဆုံဆည်းကြကာ မိသားစု ပြန်လည်ပေါင်းထုပ်ရန် မျှော်လင့်လျက် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly