realme 7 Series စမတ်ဖုန်းသစ်များ မိတ်ဆက်ခြင်း

realme 7 Series စမတ်ဖုန်းသစ်များ မိတ်ဆက်ခြင်း

realme 7 Series စမတ်ဖုန်းသစ်များ Pre-order ကြိုတင်မှာယူထားသူများအား ဖုန်းပေးအပ်ခြင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် First Sale စတင်ရောင်းချခြင်းကို

အောက်တိုဘာလ ၃၁ ရက်မှစတင်

6000 mAh Mega Battery နှင့် 18W Quick Charge စနစ်တို့ပါဝင်သော realme C15 ကို နိုဝင်ဘာလအစောပိုင်းတွင် ရောင်းချပေးသွားမည်

realme Myanmar က အသစ်မိတ်ဆက်ထားသည့် realme 7 နှင့် realme 7 Pro စမတ်ဖုန်းသစ်များကို အောက်တိုဘာလ ၃၁ ရက်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် First Sale စတင်ရောင်းချခြင်းကို ပြုလုပ် ပေးသွားမည်ဖြစ်ပြီး Pre-order ကြိုတင်မှာယူထားသူများထံသို့လည်း အဆိုပါနေ့တွင် သက်ဆိုင်ရာဖုန်းများကို Pre-order လက်ဆောင်များနှင့်အတူ ပေးအပ်သွားမည်ဖြစ်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့မှစတင် ကာ realme 7 နှင့် realme 7 Pro စမတ်ဖုန်းသစ်များဝယ်ယူကြမည့် customer အသစ်များအတွက်လည်း လက်ဆောင်အဖြစ် realme Band တစ်လုံးကိုပေးအပ်သွားမည်ဖြစ်သလို နောက်ထပ်ထူးခြားသည့် Mytel Data Package ကိုပါထပ်ဆောင်းပေးအပ်သွားမည်ဖြစ်သည်။ Mytel Data Package ကိုရယူရန်အတွက် မိမိဝယ်ယူလိုက်သည့်စမတ်ဖုန်းသစ်၏ SIM Slot – 1 နေရာတွင် ထည့်သွင်းအသုံးပြုသွားရမည်ဖြစ်သည်။

realme 7 အတွက် Mytel Data Package အဖြစ် 10GB နှင့် On-call 1000 Min အထိရရှိခံစားနိုင်မည်ဖြစ်ပြီး realme 7 Pro ဝယ်ယူအသုံးပြုသူများအတွက် Mytel Data Package ကို 20GB နှင့် On-call 2000 Min အထိရရှိနိုင်မည်ဖြစ်သည်။ ယခု Mytel Data Package ကိုအပြည့်အဝရရှိနိုင်စေရန် ၁လ အတွင်း Activation လုပ်ဆောင်ရန်လိုအပ်ပြီး Mytel Sim Card အသစ်အသုံးပြုသူများသာ ယခုကဲ့သို့ 100% Package Bonus ကိုရရှိခံစားနိုင်စေမည်ဖြစ်သည်။ ယခင် Mytel Sim Card အဟောင်းအသုံးပြုသူများအနေဖြင့် စုစုပေါင်း Package Bonus မှ 50% အထိသာရရှိနိုင်မည်ဖြစ်သည့်အတွက် Mytel Sim Card အသစ်နှင့် တွဲဖက်အသုံးပြုရန် အကြံပြုပြောဆိုထားကြောင်း သိရှိရသည်။ ယခု Package Bonus ၏ သက်တမ်းမှာ ရက်ပေါင်း ၆ဝ အထိရရှိမည်ဖြစ်ပြီး အဆိုပါကာလအတွင်း မိမိစိတ်တိုင်းကျအသုံးပြုနိုင်စေမည်ဖြစ်သည်။

realme 7 တွင် 90Hz Refresh Rate ထောက်ပံ့ထားသည့် 6.5-inch FullHD Display ကိုအသုံးပြုပေးထားပြီး ဒုတိယမျိုးဆက် 64MP (Sony IMX682) sensor အပါအဝင် နောက်ဘက်ကင်မရာ ၄လုံးကိုတပ်ဆင် ပေးထားသည်။ ရှေ့ဘက် 16MP Selfie ကင်မရာဖြင့်လည်း Nightscape ဓာတ်ပုံများကိုရိုက်ယူနိုင်စေဦးမည်ဖြစ်သည်။ ဓာတ်ပုံရိုက်ကူးမှုအပိုင်းများတွင် ယခင်ထက်ပိုကောင်းသော အတွေ့အကြုံများကို realme 7 နှင့်အတူ ရရှိစေမည်သည်။ 5000 mAh battery ကိုတိုးမြှင့်အသုံးပြုပေးထားသည့်အပြင် ၂၆မိနစ်အတွင် battery အား 50% အထိပြည့်စေမည့် 30W Dart Charge အားအမြန်သွင်းစနစ်ကိုပါတွဲဖက်ပေးထားခြင်းဖြစ်သည်။ Gaming စွမ်းဆောင်ရည်အထူးကောင်းမွန်သည့် World’s First Helio G95 Chipset ကိုအသုံးပြုပေးထားသည်။ 8GB RAM နှင့် 128GB ROM version ကို ဈေးနှုန်း ၃၉၉,၉ဝဝ ကျပ်ဖြင့်ရောင်းချပေးနေခြင်းဖြစ်ပြီး Mist White နှင့် Mist Blue ၂ရောင်ကိုရွေးချယ်နိုင်မည်ဖြစ်သည်။

realme 7 Pro တွင် ပိုကောင်းပြီး လက်ရှိမြန်မာနိုင်ငံတွင် အမြန်ဆုံးအားအမြန်သွင်းစနစ်ဖြစ်သည့် 65W SuperDart Charge အားသွင်းနည်းပညာနှင့်အတူ ယခင်ထက်ပိုကောင်းသော 4500mAh battery နှင့် တွဲဖက် ပေးထားခြင်းကြောင့် ဖုန်းကို 0% to 100% အားပြည့်စေရန် ၃၄ မိနစ်သာကြာမြင့်စေမည်ဖြစ်သည်။ realme 7 Pro ၏မျက်နှာပြင်အတွက် Super AMOLED အမျိုးအစား 6.4-inch FullHD Display ကိုအသုံးပြုပေး ထားသလို အသံအရည်အသွေးပြည့်ဝသော Dolby Atoms စနစ်ထောက်ပံ့ထားသည့် Stereo Speakers တို့ကိုတပ်ဆင်ပေးထားခြင်းကြောင့် Multimedia ပိုင်းတွင် ပိုကောင်းသည့် အတွေ့အကြုံသစ်ကိုပါ ရရှိစေဦးမည် ဖြစ်သည်။ ဒုတိယမျိုးဆက် Sony IMX682 sensor ကိုအသုံးပြုပေးထားသည့် 64MP ပင်မနောက်ဘက်ကင်မရာက အလွန်ကြည်လင်ပြတ်သားသည့် ဓာတ်ပုံများကို Low-light အခြေအနေမှာပင် အကောင်းဆုံးရိုက် ယူနိုင်စေမည်ဖြစ်သည်။ 64MP ပင်မကင်မရာနှင့်အတူ 8MP Ultra Wide-angle lens၊ 2MP B&W Portrait lens နှင့် 2MP Macro lens တို့ကိုပါတပ်ဆင်ပေးထားသည်။ ရှေ့ဘက် Selfie ကင်မရာမှာ realme ထုတ်ကုန် များတွင် အမြင့်ဆုံးဖြစ်သော 32MP အမျိုးအစားကိုတိုးမြှင့်အသုံးပြုပေးထားပြီး Nightscape ပုံများကိုပါဖန်တီးနိုင်စေမည်ဖြစ်သည်။ Mirror Silver နှင့် Mirror Blue အရောင် ၂မျိုးကိုထုတ်ပေးထားပြီး 8GB RAM နှင့် 128GB ROM အတွက် ၅၁၉,၉ဝဝ ကျပ်ကျသင့်မည်ဖြစ်သည်။

နောက်ဘက်ကင်မရာ ၄လုံးနှင့်အတူ ကြီးမားသည့် 6000 mAh Mega battery နှင့် 18W Quick Charge စနစ်ထောက်ပံ့ထားသော realme C Series သစ်ဖြစ်သည့် realme C15 စမတ်ဖုန်းသစ်ကိုလည်း နိုဝင်ဘာလ အစောပိုင်းမှစတင်ကာ ရောင်းချပေးသွားရန်ပြင်ဆင်လျက်ရှိကြောင်း သိရှိရပြီး မြန်မာနိုင်ငံက နိုင်ငံတကာရှိ realme C15 စမတ်ဖုန်းများတွင် Snapdragon 460 Chipset ကိုစတင်အသုံးပြုမိတ်ဆက်ပေးလိုက်သည့် ပထမဆုံးနိုင်ငံလည်းဖြစ်လာခဲ့သည်။ realme C15 တွင် ကြီးမားသော 6.5-inch HD LCD Display ကိုအသုံးပြုပေးထားခြင်းကြောင့် မြင်ကွင်းကျယ်အတွေ့အကြုံကိုရရှိစေမည်ဖြစ်သလို ပိုကောင်းသည့် 4GB RAM + 64GB ROM version ကိုသာမြန်မာပြည်ဈေးကွက်အတွက်ရောင်းချပေးသွားမည်ဖြစ်ကာ ဈေးနှုန်းမှာ ၂၁၉,၉ဝဝ ကျပ်ကျသင့်မည်ဖြစ်သည်။ realme C15 အတွက် Seagull Silver နှင့် Marine Blue ၂ရောင်ကိုရွေးချယ်နိုင်မည်ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly