မြစ်ကြီးနားခရိုင်မှာ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ မရောက်ခင် ကြိုတင်မဲပေးခွင့် ပြုခဲ့ရ

မြစ်ကြီးနားခရိုင်မှာ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ မရောက်ခင် ကြိုတင်မဲပေးခွင့် ပြုခဲ့ရ

မြစ်ကြီးနားခရိုင်အတွင်းမှာ အောက်တိုဘာ ၂၉ ရက်နေ့က အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မသန်စွမ်းတွေနဲ့ ကျန်းမာရေး မကောင်းသူတွေ ကြိုတင်မဲ စတင်ပေးရာမှာ မဲရုံတွေမှာထားဖို့ ကိုဗစ်ရောဂါ ကာကွယ်ရေး အထောက်ပံ့ပစ္စည်းတွေ အချိန်မီ မရောက်သေးဘဲ မဲပေးခွင့် ပြုလုပ်ခဲ့ရတာကို တွေ့ရပါတယ်။

ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီက ပို့ပေးမယ့် ကျန်းမာရေးအသုံးပစ္စည်းတွေ မရောက်သေးတဲ့အတွက် ဖြစ်သွားရတာလို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။

ရိုက်ကူး /တည်းဖြတ် - ရန်အောင်ထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly