ပျဉ်းမနားမှာ PPP အင်အားပြလှည့်လည်ကား ဘရိတ်ပေါက်ပြီး လူ ၂ ဦးကို တိုက်မိ၊ ၁ ဦးသေ

ပျဉ်းမနားမှာ PPP အင်အားပြလှည့်လည်ကား ဘရိတ်ပေါက်ပြီး လူ ၂ ဦးကို တိုက်မိ၊ ၁ ဦးသေ

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ အင်အားပြယာဉ်တန်း လှည့်လည်စဉ် ယာဉ်တန်းပါ ကားတစ်စီး ဘရိတ်ပေါက်မှုကြောင့် လူနှစ်ဦးကို ဝင်ရောက်တိုက်မိပြီး တစ်ဦးသေဆုံး သွား တယ်လို့ ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး (၂) ဒေါက်တာ မျိုးဆက်သွေးက ပြောပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက PPP ပါတီ အောင်နိုင်ရေး အတွက် ပျဉ်းမနားမြို့နယ် ထဲက ဘန့်ဘားကျေးရွာအုပ်စုမှာ အောင်နိုင်ရေး လှည့်လည်စဉ် အခုလို ယာဉ်မတော်တဆ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly