မဇ္ဈိမနှင့် Ganad တို့ ပူးပေါင်း၍ "၂၀၂၀ ခုနှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ" အစီအစဉ် ထုတ်လွှင့်ပြသမည်

မဇ္ဈိမနှင့် Ganad တို့ ပူးပေါင်း၍ "၂၀၂၀ ခုနှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ" အစီအစဉ် ထုတ်လွှင့်ပြသမည်

မဇ္ဈိမမီဒီယာနှင့် Ganad (Out of Home - OOH) ကြော်ငြာဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို တီဗွီ၊ လူမှုမီဒီယာ၊ ဒစ်ဂျစ်တယ်နှင့် ရန်ကုန်မြို့ရှိ Ganad ၏ ဒစ်ဂျစ်တယ်ဖန်သားပြင်ကြော်ငြာကွန်ရက် ၁၆ ခုမှတဆင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်သူများသည် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်သည့် ရွေးကောက်ပွဲရလဒ်၊ အချက်အလက်များနှင့် စိစစ်သုံးသပ်ချက်များကို နေအိမ်၊ အွန်လိုင်းနှင့် အိမ်ပြင်ပများမှနေ၍ တိုက်ရိုက် Live ကြည့်ရှုနိုင်မည်ဖြစ်သည်။

ဤထုတ်လွှင့်ချက်သည် မြန်မာ့ကုန်ပစ္စည်းတံဆိပ်များကို တီဗွီ၊ လူမှုမီဒီယာ၊ ဒစ်ဂျစ်တယ်နှင့် OOH မှတဆင့် ပရိသတ်ပြည်သူများထံ ဆက်သွယ်ပေးမည့် အခွင့်အရေးဖြစ်ပြီး ယခင်က မကြုံတွေ့ဖူးသည့် အဖြစ်အပျက်ပင်ဖြစ်သည်။

နောက်ဆုံးပေါ် သတင်းအချက်အလက်များကို သိရှိရန် ရန်ကုန်မြို့ဝန်းကျင်ရှိ City Marts များအတွင်း၊ ဈေးဝယ်စင်တာနှင့် လမ်းမကြီးများတစ်လျှောက်ရှိ Ganad ၏ ကြော်ငြာဖန်သားပြင်များကို ကြည့်ရှုလိုက်ပါ။ Facebook၊ Twitter၊ Website နှင့် YouTube အပါအဝင် မဇ္ဈိမ၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတဆင့် နောက်ဆုံးရ အချက်အလက်များကို အွန်လိုင်းက စောင့်ကြည့်လိုက်ပါ။

အိမ်၌ရှိပါက အရေးပါလှသည့် ရွေးကောက်ပွဲထုတ်လွှင့်မှုကို ကြည့်ရှုရန် မဇ္ဈိမ TV လိုင်းကို ဖွင့်ထားပါ။ ၎င်းအပြင် မဇ္ဈိမအပလီကေးရှင်းဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ Live ထုတ်လွှင့်ချက်ကို ကြည့်ရှုနိုင်ပါသည်။

LED & PLASMA Broadcasting အတွက် အသေးစိတ်တည်နေရာ

  • Sakura Tower, Kyauktada 
  • St John Citymall, Lanmadaw External 
  • Hledan Centre, Kamaryut External 
  • 9 Mile Airport Road, Mayangone 
  • Tamwe Supercentre, Bahan 
  • CityMart, Myaynigone 
  • CityMart, Thamine 
  • Ocean, North Point 
  • St John Indoor  
  • Hledan Centre Indoor  
  • Hledan Centre Roadside  

အသေးစိတ်ထပ်မံသိရှိလိုပါက -
အေးသက်လှိုင်၊ အထွေထွေမန်နေဂျာ၊ မဇ္ဈိမမီဒီယာ (၀၉ ၂၅၃၈၆၈၁၉၂)နှင့်
ရဲရင့်နှင်းဆီ၊ မန်နေဂျာ (Client Services) Ganad Myanmar၊ (၀၉ ၄၂၀၂၈၇၇၄၉)
သို့ ဆက်သွယ်နိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly