လောင်စာဆီဈေးကွက်ပြန်လည်ကောင်းမွန်လာသည်နှင့် တရုတ် ပို့ကုန် ၉.၉ ရာခိုင်နှုန်းတိုး

လောင်စာဆီဈေးကွက်ပြန်လည်ကောင်းမွန်လာသည်နှင့် တရုတ် ပို့ကုန် ၉.၉ ရာခိုင်နှုန်းတိုး

အောက်တိုဘာ ၁၄

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် အမေရိကန်နှင့် စီးပွားရေးတင်းမာမှုများရှိနေ‌သော်လည်း တရုတ်၏ အမျိုးမျိုးသော အရောင်းကွင်းဆက်သည် ယခုလများအတွင်း နိုင်ငံ၏ ကုန်သွယ်ရေးတိုးတက်မှုကို ပြန်လည် ဦးမော့လာစေသည်။

စက်တင်ဘာလအတွင်း တရုတ်၏ ပို့ကုန်သည် ၉.၉ရာခိုင်နှုန်းတိုးတက်လာပြီး ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၃၉.၇ ဘီလီယံထိရှိလာကြောင်း အကောက်ခွန်ဌာနက အင်္ဂါနေ့တွင် ခန့်မှန်းပြောကြားခဲ့သည်။ ပေကျင်း၏ စတုတ္ထမြောက်လဝင်ငွေမှာ ကုန်ထုတ်လုပ်ငန်းတိုးတက်မှုနှင့် ကပ်ရောဂါကို စီးပွားရေးလုပ်ငန်းများက ပိုမိုနိုင်လာသဖြင့် ပြင်ပဝယ်လိုအားများ ပြန်လည် တက်လာမှုကြောင့်ဖြစ်သည်။
 
ဇူလိုင်နှင့် ဩဂုတ်တွင် စာချုပ်ချုပ်ဆိုအပြီး စက်တင်ဘာလအတွင်း သွင်းကုန်များသည် ၁၃.၂ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀၂.၇ ဘီလီယံထိရောက်လာခြင်းဖြစ်သည်။ တိုးတက်လာမှုသည် အခြေခံနှိုင်းယှဉ်မှုနှင့် ပထမနှစ် အမြတ်အတွက် ဩဂုတ်လတွင် ၅ရာခိုင်နှုန်းတိုးလာသော ထုတ်လုပ်သူများ၏ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်လာမှုကြောင့် ဖြစ်သည်။

ယခုနှစ် ပထမကိုးလတွင် ပို့ကုန်သည် ဝ.၈ ရာခိုင်နှုန်း , အမေရိကန်ဒေါ်လာ ၁.၈ထရီလီယံခန့်ခန့် ကျဆင်းခဲ့ပြီး သွင်းကုန်သည် ၃.၁ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံသို့ ကျဆင်းခဲ့သည်။

စက်ရုံလုပ်ဆောင်မှုကိုညွှန်ပြသည့် တရုတ်၏ တရားဝင်ကုန်ထုတ်လုပ်မှု ဝယ်ယူမှုမန်နေဂျာ အညွှန်းကိန်းသည် အမိန့်နှင့် ထုတ်လုပ်မှုအသစ် တိုးတက်မှုများကြောင့် ခုနှစ်လဆက်တိုက် မြင့်တက်လျက်ရှိပြီး စက်တင်ဘာလတွင် ၅၁.၅ သို့ရောက်ရှိခဲ့သည်။

ပေကျင်း၏ ပထမကိုးလအတွက် ထိပ်တန်းကုန်သွယ်ဖက်မှာ အရှေ့တောင်အာရှ နိုင်ငံများအသင်းပင်ဖြစ်သည်။ ၁၀နိုင်ငံအဖွဲ့ဝင်ပါဝင်သောအဖွဲ့နှင့် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၄၈၁ ဘီလီယံခန့် ရှိသည်။ ပို့ကုန်သည် ၄.၉ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂၆၇ဘီလီယံထိ တိုးလာပြီး သွင်းကုန်မှာ ၅.၁ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂၁၄ဘီလီယံထိ မြင့်တက်လာခဲ့သည်။

ဗီယက်နမ်သည် အရှေ့တောင်အာရှမှ တရုတ်၏ ပို့ကုန် ၂၉ရာခိုင်နှုန်းကို ယူလျက်ရှိပြီး တရုတ်၏သွင်းကုန်များ၏ လေးပုံတစ်ပုံကို ပံ့ပိုးပေးလျက်ရှိကာ အာဆီယံနိုင်ငံများကို ဦးဆောင်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင်, စုစုပေါင်း၏ ၂၀ရာခိုင်နှုန်း ဖြစ်သော အမေရိကန်သို့ ပို့ကုန်သည် လေးလဆက်တိုက်မြင့်တက်နေကာ ၂၁ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၄၄ဘီလီယံထိရှိနေပြီဖြစ်သည်။

အလားတူကာလအတွင်း ကုန်ပစ္စည်းအမျိုးအစားအလိုက် တရုတ်၏ပို့ကုန်များတွင် အထည်အလိပ်များက ကျယ်ကျယ်ပြန့်ပြန့်နေရာယူထားပြီး ၃၃ ရာခိုင်နှုန်းတိုးလာခဲ့ကာ ၎င်းနောက်တွင် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် ကိုယ်ပိုင်ကွန်ပျူတာများအပါအဝင် လျှပ်စစ်ပစ္စည်းများက နေရာယူလျက်ရှိသည်။

သွင်းကုန်များတွင် စက်ယန္တရားနှင့် အသားနှင့် ကောက်ပဲသီးနှံများ အပါအဝင် စားသောက်ကုန်များက ဦးဆောင်လျက်ရှိသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများသည်လည်း စက်တင်ဘာ ၁၅ရက်တွင် ဝါရှင်တန်မှ တရုတ်နည်းပညာကုမ္ပဏီဖြစ်သော ဟွာဝေးနည်းပညာများအား ပိတ်ပင်ထားသော်လည်း မြင့်တက်လျက်ရှိသည်။ တားမြစ်ချက်သည် အမေရိကန်မှ နည်းပညာပိုင်းဆိုင်ရာ အစိတ်အပိုင်းများနှင့် ဆော့ဖ်ဝဲများတင်ပို့ရောင်းချခြင်းကို ဆန်ရှင်ဖြင့် ကန့်သတ်ထားသည်။ တရုတ်ကုမ္ပဏီများသည် ဆန်ရှင် မတိုင်မီ ထိုပစ္စည်းဝယ်ယူမှုကို တိုးမြှင့်လိုက်ပုံပေါ်သည်။

UBS ကမ္ဘာလုံးဆိုင်ရာသုတေသနသည် ပေကျင်း၏ ၂၀၁၉ လွန်စွာနည်းသောကာလများမှ လတ်တလောအမြတ်များသည် အမေရိကန်ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ်ကုမ္ပဏီများမှ ထိုင်ဝမ်နှင့် ဗီယက်နမ်သို့ ပြောင်းရွှေ့မှုများကြောင့်ဟုဆိုသည်။

တရုတ်၏  နည်းပညာထုတ်လုပ်မှု၊ ထောက်ပံ့ရေးကွင်းဆက်များကို  ပြန်လည်တည်ဆောက်နိုင်မှု စွမ်းရည်နှင့် ပြောင်းလွယ်ပြင်လွယ်ရှိခြင်းက ကူညီသွားတာဖြစ်နိုသည်”ဟု ဟောင်ကောင်ရှိ UBS စီးပွားရေးပညာရှင်များ၏ စက်တင်ဘာလ အစီရင်ခံစာတွင် ပြောထားသည်။

ကပ်ရောဂါနှင့် နိုင်ငံရေးတင်းမာမှုများရှိနေသော်လည်း နည်းပညာအစိတ်အပိုင်းများတင်ပို့ခြင်းနှင့် နောက်ထပ်ပြုပြင်မှုများအတွက် ကျွန်းသို့ပို့လိုက်သော အစိတ်အပိုင်းများ ထောက်ပံ့မှု ကြီးထွားလာမှုများကြောင့် ထိုင်ဝမ်သို့ တရုတ်၏ပို့ကုန်များသည် ၂၁၀၇ ကတည်းမှစတင်ပြီး မပြောင်းမလဲရှိနေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကြီးထွားလာမှုသည် နိုင်ငံရေးတင်းမာမှုများကြားမှ စီးပွားရေးလွတ်လပ်မှုကို ထင်ဟပ်နေသည်။ တစ်ချို့သော ထိုင်ဝမ်နည်းပညာထုတ်လုပ်သူများသည် အမေရိကန်၏ Made-in-China ကုန်ပစ္စည်းအပေါ် အခွန်ကောက်ခံခြင်းကို ရှောင်ရှားရန် ထုတ်လုပ်မှုကို ပြည်မမှ ထိုင်ဝမ်သို့ ပြန်လည်ရွှေ့ခဲ့ကြသော်လည်း သူတို့သည် ပြည်မ၏ အစိတ်အပိုင်းထောက်ပံ့မှုများကို မှီခိုနေရနိုင်သည်။

၂၀၂၀ ပထမ ၈လအတွင်း ပြည်မမှ ထိုင်ဝမ်သို့ ပို့ကုန်သည် ၈.၁ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၃၇ဘီလီယံခန့်ရှိကာ သွင်းကုန်သည် ၁၀.၆ ရာခုန်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၁၂၁ဘီလီယံခန့်ရှိသည်။ တစ်ချိန်တည်းမှာပင် ထိုင်ဝမ်မှ အမေရိကန်သို့ ပို့ကုန်များတွင် လျှပ်စစ်ပစ္စည်းများက ဦးဆောင်လျက်ရှိပြီး ၇ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်။

ဗီယက်နမ်သို့ ပြောင်းရွှေ့သွားသော သို့မဟုတ် တိုးချဲ့ထားသောထုတ်လုပ်သူများအတွက် တရုတ်သည် အစိတ်အပိုင်းများကိုပိုမိုထောက်ပံ့သည့်အတွက် ပေကျင်း၏ ဗီယက်နမ်သို့ လျှပ်စစ်ပစ္စည်းများတင်ပို့မှု အားကောင်းလာခြင်းသည် ထောက်ပံ့ရေးကွင်းဆက် ပြောင်းလဲမှုအပေါ် ထင်ဟပ်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗီယက်နမ်သို့ ချဲ့ထွင်လာသည့် တရုတ်ကုမ္ပဏီများတွင် ကုန်သွယ်ရေးစစ်ပွဲ၏ ရလဒ်အနေဖြင့် မတည်ငြိမ်သော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို လျှော့ချရန်အတွက် ၂၀၁၈ ခုနှစ်တွင်အမေရိကန် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံရန် ကြေငြာခဲ့သော Guoguang Electric တို့ပါဝင်သည်။

စင်္ကာပူရှိ risk adviser Verisk Maplecroftမှ လေ့လာဆန်းစစ်သူ Yu Kaho က ပြည်ပရှိအိမ်ထောင်စုများသည် work-from-home ပစ္စည်းများ ပို့ဆောင်မှုများပြီးသွားပါက တရုတ်ပို့ကုန်တိုးတက်မှုသည် လာမည့်လများအတွင်း နှေးကွေးလာမည်ဟု ဆိုသည်။

အခြေခံအဆောက်အဦ စီမံကိန်းများအတွက်သာ အဓိကရည်ရွယ်သော အစိုးရ၏ ထောက်ပံ့မှု အားနည်းခြင်းကြောင့် ပြည်တွင်းသုံးစွဲမှုမှာအားနည်းနေဆဲဖြစ်သည်ဟု Yu က ဆက်ပြောသည်။

ပို့ကုန်တိုးတက်မှုသည် မသေချာမရေရာဖြစ်နေချိန်တွင် ကုန်ပစ္စည်းတင်သွင်းမှုသည် တရုတ်၏ပြန်လည်ထူထောင်ရေးနှင့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးဆက်ဆံရေး၏ ရေရှည်တည်တံ့မှုအပေါ်မူတည်နေလိမ့်မည်။

 “အရေးကြီးသော ကုန်သွယ်ဖက်များအနေဖြင့် ဆောင်းရာသီအတွင်း COVID-19 နောက်တစ်ဖန် ပြန်လည်ဖြစ်ပွားမှု အန္တရာယ်နှင့်ရင်ဆိုင်နေရသောကြောင့် ပြင်ပအလားအလာများသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်”ဟု ဗြိတိန် Oxford Economics က အင်္ဂါနေ့ အစီရင်ခံစာတစ်ခုတွင် ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly