ဟောင်ကောင်မှာ ငြိမ်းချမ်းရေး ပြန်လည်သီးပွင့်ပြီဟု ခေါင်းဆောင် ကာရီလမ်း ပြော

01 October 2020
ဟောင်ကောင်မှာ ငြိမ်းချမ်းရေး ပြန်လည်သီးပွင့်ပြီဟု ခေါင်းဆောင် ကာရီလမ်း ပြော

ပြီးခဲ့တဲ့ နှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီးကို ချိုးနှိမ်လိုက်တဲ့ လုံခြုံရေးဥပဒေသစ်ကို တရုတ်က ပြဋ္ဌာန်းပြီးနောက် ဟောင်ကောင်မှာ ငြိမ်းချမ်းရေး ပြန်လည်သီးပွင့်ခဲ့ပြီလို့ ခေါင်းဆောင်ဖြစ်သူ ကာရီလမ်းက ကြာသပတေးနေ့မှာ ပြောပါတယ်။ အမျိုးသားရေးနေ့ အခမ်းအနားတွေ ကျင်းပတဲ့ ခုနေ့ရက်မှာ ဘယ်လို လူစုရုံးမှုမှ ဖြစ်မလာဖို့ ရဲအင်အား ထောင်ပေါင်းများစွာလည်း အသင့်ရှိနေတာ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံထူထောင်မှု အထိမ်းအမှတ်တွေကို ရုံးပိတ်ရက်နဲ့အတူ ပွဲလမ်းသဘင်တွေ ကျင်းပတာ ဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article...

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - ချိုဇင်မာဝင်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly