အင်အားအလုံးအရင်းနဲ့ ပြင်ဆင်ထားတဲ့ ကိုဗစ်တိုက်ပွဲအောင်မြင်မှုရဖို့ ဘယ်လိုအကြံပြုထားပါသလဲ

အင်အားအလုံးအရင်းနဲ့ ပြင်ဆင်ထားတဲ့ ကိုဗစ်တိုက်ပွဲအောင်မြင်မှုရဖို့ ဘယ်လိုအကြံပြုထားပါသလဲ

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ တစ်သောင်းကျော်ရှိလာပြီး ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်မှာ ရောဂါကူးစက်မှုတွေထိန်းချုပ်နိုင်ဖို့  ကျန်းမာရေးနဲ့ အာဏာပိုင်တွေက နောက်ဆုံးတိုက်ပွဲလိုခေါ်တဲ့ အင်အားအလုံးအရင်းနဲ့တိုက်ဖို့ ပြင်နေပါတယ်။

ဓာတ်ခွဲခန်းပို့စရာမလိုဘဲ ကိုဗစ်ပိုးရှိ၊ မရှိ စစ်နိုင်တာမို့ များများနဲ့ မြန်မြန်စစ်ဆေးနိုင်တဲ့  Antigen Testkid အခုရေနှစ်သိန်း ကိုရီးယားနိုင်ငံကနေ မှာယူထားတာလည်း ရောက်ရှိနေပြီဖြစ်တာမို့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့ကစတင်ပြီး ဆေးရုံတွေမှာ အသုံးပြုတော့မှာပါ။

ဒါ့ကြောင့် ရောဂါပိုးရှိသူတွေလည်း ပိုပြီးတွေ့ရှိလာနိုင်တာကြောင့် Containment လုပ်ဖို့ ကိုဗစ်ကုသရေးစင်တာတွေ၊ ကွာရန်တင်းစင်တာတွေ၊ ကျန်းမာရေး ဝန်ထမ်းအင်အားတွေ အလုံးအရင်းနဲ့ အစိုးရက ပြင်ဆင်ထား ပါတယ်။  ရန်ကုန်မှာရှိတဲ့ လူကြီးလူငယ်မရွေး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် အားလုံးသည်း ခံပါဝင်ကြဖို့နဲ့ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်စာရင်းပေး လိုသူတွေကိုလည်း ပါမောက္ခဒေါက်တာဇော်ဝေစိုး က ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required