ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းရှေ့ COVID -19ရောဂါ စစ်ဆေးရန်စောင့် ဆိုင်းသူများပြားခြင်းကြောင့်လူစုလူဝေးဖြစ်ပေါ်ခဲ့

ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းရှေ့ COVID -19ရောဂါ စစ်ဆေးရန်စောင့် ဆိုင်းသူများပြားခြင်းကြောင့်လူစုလူဝေးဖြစ်ပေါ်ခဲ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းရှေ့တွင် စက်တင်ဘာ ၂၆ရက် မနက်ပိုင်းက COVID -19 ရောဂါပိုး စစ်ဆေးရန်စောင့် ဆိုင်းနေသူ တစ်ရာခန့် ရှိခဲ့ပါတယ်။

COVID -19 ရောဂါဆေးစစ်ချက်လာယူရာ Social Distancing မပြုလုပ်သောကြောင့် လူဦးရေ တစ်ရာခန့် လူစုလူဝေးဖြစ်ပေါ်ခဲ့တာပါ။

ဒီလို စစ်ဆေးကြတဲ့အထဲမှာ ပြည်ပကိုသွားမယ့် သူအများစုနဲ့ တရုတ်နိုင်ငံသားတွေ များတယ်တာကိုတွေ့ရပါတယ်။ဆေးစစ်ချက်အဖြေရဖို့ မနက် လေးနာရီခွဲလောက်ကတည်းက လာရောက်စောင့်ဆိုင်းကြသူတွေလည်းရှိပါတယ်။

ရိုက်ကူး  - သက်ကို / မဇ္ဈိမ

တည်းဖြတ် / တင်ဆက် - ထွန်းထွန်းဝင်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly