လက်ထိပ်ခတ်ပြီး ချစ်ဗျူဟာခင်းရာ သော့ပျောက်သွားသဖြင့် ရဲထံ အကူအညီတောင်း

By UPI
19 September 2020
လက်ထိပ်ခတ်ပြီး ချစ်ဗျူဟာခင်းရာ သော့ပျောက်သွားသဖြင့် ရဲထံ အကူအညီတောင်း

စက်တင်ဘာ ၁၉

ဗြိတိန်က ရဲတပ်ဖွဲ့သည် နံနက်စောစောစီးစီးမှာပင် လက်ထိပ်ခတ်မိပြီး ဖြုတ်မရသည့် အမျိုးသားတစ်ဦးထံမှ အကူအညီလှမ်းတောင်းတာကြောင့် သွားရောက်ဖြေရှင်းပေးရသည်။

ယင်းအမျိုးသားမှာ သူ့ ချစ်သူနှင့် ချစ်ဗျူဟာခင်းရာတွင် ချွတ်ချော်လွဲမှားမှုဖြစ်ပြီး ယခုကဲ့သို့ လက်ထိပ်တန်းလန်း ဖြစ်နေခဲ့ပုံရသည်။

လက်ထိပ်ခတ်မိနေကြောင်း စုံတွဲတစ်တွဲဆီမှ နံနက် ၄ နာရီခွဲတွင် အကူအညီလှမ်းတောင်းသည်ကို မန်ချက်စတာရှိ ရိုချာဒဲလ်ရဲစခန်းက သွားရောက်ဖြေရှင်းပေးရခြင်း ဖြစ်သည်။

“အမျိုးသားဖြစ်သူက ဖုန်းဆက်တယ်။ သူ့ ရည်စားက သူ့ကို ခတ်ထားတဲ့ လက်ထိပ်ရဲ့ သော့ကို ရှာမတွေ့တော့လို့ အကူအညီ လှမ်းတာတာဖြစ်တယ်။”ဟု ရဲစခန်းက တွစ်တာတွင် ရေးသားသည်။

“လက်ထိပ်တွေက ဈေးကြီးတဲ့ အမျိုးအစားတွေဖြစ်ပြီး မီးသတ်ဌာနဆီ အကူအညီတောင်းရင် ဒါတွေကို ဖြတ်ပစ်မှာမို့ ရဲကို အကူအညီတောင်းတာဖြစ်တယ်။”ဟု အဆိုပါ တွစ်တာတွင် ဖော်ပြသည်။

လက်ထိပ်များ ဖြေပေးပြီး အဆိုပါ အမျိုးသားကို လွတ်မြောက်စေခဲ့သည်ဟု ရဲဌာနက ပြောသော်လည်း ကယ်ဆယ်ပေးရာ၌ ထို ဈေးကြီးသော လက်ထိပ်များ ပျက်စီးခြင်း ရှိခဲ့ မရှိခဲ့ကို ရဲတပ်ဖွဲ့က ပြောဆိုခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly