အခုတင်ပြချက်မှာတော့ တစ်ပတ်အတွင်းထုတ်လုပ်ပြီးခဲ့တဲ့ သတင်းအမှားတွေထဲကနေ ပြန်လည်ရွေးချယ်ပြီး တော့ ကောင်းနိုးရာရာ သတင်းအမှားတွေကို ပြန်လည်တင်ဆက်ပေးသွားမှာပါ။
ပြန်လည်ရွေးချယ်ထားတဲ့ သတင်းတွေထဲမှာတော့
၁။ ကိုရီးယားမှာ ကြိုတင်မဲ ၁၁၈ခုနဲ့ NLDအစိုးရကို ဦးဆောင်နေတယ်ဆိုတဲ့ သတင်းအမှား
၂။ ဦးသိန်းထွန်းဦးဟာ အရင်ကနှစ်လုံး သုံးလုံးဒိုင်အကြီးစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား
၃။ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ USDPပါတီဟာ ရှုံးဦးမှာပဲဆိုပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကသုံးသပ်တယ်ဆိုတဲ့ သတင်းအမှားတို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှားတွေဆိုတာဘာလဲ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ သတင်းအမှားတွေဟာ ဘယ်လိုပုံစံ၊ ဘယ်လိုပေ့ချ်တွေက ရေးသားနေကြသလဲဆိုတာကို သတင်းအမှားတိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MIDO က ပရိုဂရမ် ဒါရိုက်တာ မဖြူဖြူသီနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကိုလည်းရှုစားရမှာဖြစ်ပါတယ်။