လာမည့်ရွေးကောက်ပွဲအတွက် NLDပါတီမှာ မူဆလင်လွှတ်တော်ကိုယ်စားလှယ်လောင် ၆၃ဦး ပါဝင်နေတယ်ဆိုတဲ့ သတင်းအမှားကိုပြောပြပေးချင်ပါတယ်။
ဒီသတင်းအမှားကို Myanmar Hard Talk ဆိုတဲ့ပေ့ချ်ကနေ ဩဂုတ် ၂၃ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီထဲမှာတော့ ၂၀၂၀ရွေးကောက်ပွဲတွင် NLDပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့်မူဆလင်အမတ်များဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ရခိုင်မှာ ၇ဦး၊ ကရင်မှာ ၂ဦး၊ ပဲခူးမှာ ၆ဦး၊ ဧရာဝတီမှာ ၈ဦး၊ မန္တလေးမှာ ၅ဦး၊ ရန်ကုန်မှာ ၁၂ဦး၊ မွန်မှာ ၆ဦး၊ စစ်ကိုင်းမှာ ၉ဦး၊ မကွေးမှာ ၈ဦးပါဝင်ပြီး၊ အဲ့ဒီထဲက ၃ဦးကိုလည်း ပြည်နယ်/တိုင်း ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ဖို့ စီစဉ်ထားတယ်ဆိုပြီးပါရှိပါတယ်။
ဒီသတင်းကို Likeလုပ်သူ ၁၉၀၀၊ ပြန်လည်မျှဝေသူ ၁၄၀၀နဲ့ မှတ်ချက်ပေးသူ ၈ရာကျော်ရှိခဲ့ပါတယ်။ မှတ်ချက်ပေးသူတွေထဲမှာ ဒီသတင်းကို မယုံကြည်တဲ့သူတွေရှိပါတယ်။ ဆုမြတ်မေဇော်က ဆက်လက်တင်ဆက်ပေးမှာပါ။