အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ နေ့စဉ်ဆိုသလို စံချိန်တင် တိုးလာနေတယ်ဆိုတာ ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြထား ပါတယ်။ ရောဂါပိုး ကူးစက်သူ ပိုများလာနေတဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှု ပိုင်း နိုင်နင်း ပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ ဒီအကြောင်း အေပီသတင်းဆောင်းပါးတပုဒ်ကို မခွါညို ဆက် ပြောပြပေးပါမယ်။