ကိုဗစ် -၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရန် မန္တလေးသို့ ဝင်ထွက်သွားလာနေသောယာဉ်လိုင်းများအားလုံး ယာယီပိတ်

ကိုဗစ် -၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရန် မန္တလေးသို့ ဝင်ထွက်သွားလာနေသောယာဉ်လိုင်းများအားလုံး ယာယီပိတ်
ဓာတ်ပုံ - ထက်မြတ် / မဇ္ဈိမ

စက်တင်ဘာ ၁၀
မန္တလေးခရိုင်အတွင်းမှ အခြားသော တိုင်း၊ပြည်နယ်အသီးသီးတို့ ပြေးဆွဲနေတဲ့ယာဉ်လိုင်းများအားလုံး စက် တင်ဘာ ၁၀ရက်နေ့မှစတင်ကာ ယာယီပိတ်သိမ်းလိုက် ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်း များကြီး ကြပ်မှုကော်မတီ(အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်းကပြောပါတယ်။

`ညွှန်ကြားချက်ကတော့ မရောက်လာသေးဘူး၊ ဖုန်းနဲ့ လှမ်းပြောတဲ့အတွက် ပိတ်တာကသေချာပါတယ်၊ ပြေးဆွဲခွင့်ရှိတဲ့ယာဉ်လိုင်းအားလုံး ပိတ်မှာပါ၊ မန္တလေးကနေ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းက ခြောက်ရာလောက်ရှိတယ်´ ဟု ၎င်းကပြောပါတယ်။

မန္တလေးခရိုင်အတွင်းမှာ မော်တော်ယာဉ်ရပ်နားစခန်းပေါင်းငါးခုရှိပြီးတော့ အဲဒါတွေက ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်း၊ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်း၊ မဟာအောင်မြေ ယာဉ်ရပ်နားစခန်း၊ သီရိမန္တလာ ယာဉ်ရပ်နား စခန်းနဲ့ ဒေါနဘွား ယာဉ်ရပ်နားစခန်း တို့ဖြစ်ပါတယ်။

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် COVID -19 ရောဂါပိုးဖြစ်ပွားသူ စက်တင်ဘာ ၁၀ရက်နေ့ ည ၇နာရီအထိ ၁၀ဦးရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required