တနင်္သာရီမြို့နယ် ပြည်သူလူထု လိုအပ်ချက်စစ်တမ်း ဒေါက်တာ ညိုညိုသင်း မိတ်ဆက်

တနင်္သာရီမြို့နယ် ပြည်သူလူထု လိုအပ်ချက်စစ်တမ်း ဒေါက်တာ ညိုညိုသင်း မိတ်ဆက်

မြိတ်၊ စတင်ဘာ ၈

၂၀၂၀ ပြည့်နှစ် အထွေ‌ထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှ တစ်သီးပုဂ္ဂလအနေဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ ညိုညိုသင်းက တနင်္သာရီမြို့နယ် လူထု လိုအပ်ချက်စစ်တမ်း မိတ်ဆက်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့က မြိတ်မြို့တွင် ကျင်းပခဲ့သည်။

အဆိုပါ စစ်တမ်းမှာ တနင်္သာရီမြို့နယ်ရှိ “လူထု လိုအပ်ချက်စစ်တမ်း” မိတ်ဆက်ပွဲ ဖြစ်ပြီး စစ်တမ်းထဲတွင် ဆေးရုံ/ ဆေးခန်း၊ စာသင်ကျောင်းနှင့် လျှပ်စစ်မီး ရရှိရေး စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက “ကျွန်မအနေနဲ့ ဒီ တနင်္သာရီမြို့နယ်မှာ လူထု စစ်တမ်းကို သုံးပတ်ကြာအောင် ကောက်ယူ ရရှိတဲ့စစ်တမ်းမှာ ဆိုရင် တော့ လူထုက အဓိက ဘာကို လိုချင် တောင်းဆိုသလဲဆိုတော့ လျှပ်စစ်မီး၊ ဆေးရုံ/ ဆေးခန်းနဲ့ စာသင်ကျောင်းတွေ လိုတယ်” ဟု ပြောသည်။

အဆိုပါ စစ်တမ်းကို ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ အသီသီးကို ဝေမျှပေးရန် ကောက်ယူခြင်းဖြစ်ကြောင်းလည်း ဒေါက်တာ ညိုညိုသင်းက ဆိုသည်။

လူထုစစ်တမ်း မိတ်ဆက်ပွဲကို နိုင်ငံရေးပါတီများအား ဖိတ်ကြားထားသော်လည်း ရွေးကောက်ပွဲ မဲဆွယ်ရေးလှုပ်ရှားမှုများကြောင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) တစ်ခုတည်းသာ တက်ရောက်သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required