ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာတလုံး ဆက်လက်ကူးစက်ပျံ့ပွားမှုဟာ တချို့ဒေသတွေမှာ ကူးစက်မှုဒုတိယလှိုင်းအဖြစ်ရောက်ရှိနေပြီဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူတချို့မှာ တကျော့ပြန်ရောဂါကူး စက်တာလည်းတွေ့ ခဲ့ရပါတယ်။ ဟောင်ကောင်မြို့ခံတယောက်မှာ ဒုတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံရတယ်လို့ ဟောင်ကောင်တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ပြောဆိုချက်ကို နယ်သာလန်နိုင်ငံ Rotterdam မြို့၊ Erasmus ဆေးပညာဌာနက အတည်ပြုခဲ့ပါတယ်။ ဒုတိယအကြိမ်ကူးစက်မှုမှာတော့ ပိုးကူးစက်ခံရသူဆီမှာ ရောဂါလက္ခဏာ မပြခဲ့ပါဘူး။ AP သတင်းဆောင်းပါးကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။