COVID-19 ကူးစက်မှုမတွေ့ရှိမီ တစ်ပတ်ခန့်အလိုကစ၍ ရခိုင်မှ လေကြောင်းဖြင့် ထွက်ခွာသွားသူ ၅၇၀၀ ကျော်ရှိ

COVID-19 ကူးစက်မှုမတွေ့ရှိမီ တစ်ပတ်ခန့်အလိုကစ၍ ရခိုင်မှ လေကြောင်းဖြင့် ထွက်ခွာသွားသူ ၅၇၀၀ ကျော်ရှိ
Photo - EPA

သြဂုတ် ၊ ၂၉

ရခိုင်ပြည်နယ်တွင်း COVID-19 ရောဂါကူးစက်ခံရမှု စတင်တွေ့ရှိသည့် သြဂုတ်လ ၁၆ ရက်နေ့ မတိုင်မီ သီတင်းပတ်တစ်ပတ်ခန့်အလိုကစတင်ပြီး ပြည်နယ်အတွင်းမှ လေကြောင်းခရီးဖြင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းသို့ ရောက်ရှိသူသွားသူ ၅၇၀၀ ကျော်ရှိပြီး တစ်ချို့မှာ ကူးစက်ပြီးသားသူများ ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် လျင်မြန်စွာကူးစက် ဖြစ်ပွားနေသည့် COVID-19 ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဗဟို၊ ရခိုင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာေ ရးကဏ္ဍတာ ဝန်ရှိ သူများနှင့် ကွင်းဆင်းအဖွဲ့များအား Video conference စနစ်ဖြင့် သြဂုတ်လ ၂၈ရက်က ဆွေးနွေးခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 “ဩဂုတ်လ ၁၀ ရက်မှ ၂၇ ရက်နေ့အတွင်း ရခိုင်ပြည်န ယ်မှ လေကြောင်းခရီးစဉ်ဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိသွားသူ  ၅,၇၀၀ ဦးကျော်ရှိပြီး ထိုသူများအနက် အချို့သည် COVID-19 ကူးစက်လျက်ရှိ သူများဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်န ယ်သို့ ဩဂုတ်လ (၁၀) ရက်နေ့နောက်ပိုင်း ခရီးသွားရာဇဝင်ရှိခဲ့သူများအားလုံးသည် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရမှာဖြစ်တယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ထွေးက ပြောသည်။  

အလုပ်သမားနှင့် ဝန်ထမ်းများပြားစွာ စုရုံးလုပ်ကိုင်လျက်ရှိသော စက်ရုံနှင့် အလုပ်ရုံများတွင် ရောဂါကူးစက်မှုမ ရှိစေရေးနှင့် ကပ်ရောဂါအသွင်မဖြစ်စေရေးအတွက် ဝန်ကြီးဌာ န၏လမ်း ညွှန်ချက်များနှင့် အညီ အပြည့်အဝ လိုက်နာဆောင်ရွက်ရမည် အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများက စောင့်ကြပ်ကြ ည့်ရှုစစ်ဆေးရေးလုပ်ငန်း များကို အားဖြည့်လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

တစ်လနီးပါးကြာ ပြည်တွင်းကူးစက်မှုမရှိခဲ့ရာက သြဂုတ်လ ၁၆ ရက်က စတင်ပြီး ရခိုင်ပြည်နယ်အတွင်း ဒေသတွင်း ကူးစက်မှု ပြန်လည်ဖြစ်ပွားခဲ့ပြီးသည်။ သြဂုတ်လ ၂၉ရက်က နံနက်ပိုင်းအထိ ၂၄၀ ဦး COVID-19 ကူးစက်ခံထားရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 ကူးစက်ခံထားရသူ ၆၅၆ ဦးအထိရှိနေပြီး သေဆုံးသူ ခြောက်ဦးနှင့် ရောဂါပြန်လည်သက်သာလာသူ ၃၄၉ ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ ၃၃၉ ဦးရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly