တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုစိုးရိမ်၍ ပါလီမန်ရပ်နားထား

တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုစိုးရိမ်၍ ပါလီမန်ရပ်နားထား

ဩဂုတ် ၂၈ 

တောင်ကိုရီးယားနိုင်ငံမှာ ဩဂုတ်လ ၂၆ ရက်က ပါလီမန်အစည်းအဝေး သတင်းယူတဲ့ ဓာတ်ပုံသတင်းထောက်တစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကိုတွေ့ရှိပြီးတဲ့နောက် ပါလီမန်အစည်းအဝေးကို ရပ်နားထားရပါတယ်။ 

ပါတီဥက္ကဋ္ဌအပါအဝင် ဒီမိုကရက်တစ် အမတ် ၁၀ ဦးဟာ ရောဂါစစ်ဆေးမှုတွေလုပ်ခဲ့ရပြီး သီးခြားကန့်သတ်နေ,နေရပါတယ်။  

အာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေးနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ညဉ့်နက်တဲ့အထိ ဆွေးနွေးပြောဆိုခဲ့ကြပြီးတဲ့နောက် အစည်းအဝေးနဲ့ ပါလီမန်အမတ်တွေရဲ့ ရုံးခန်းတွေအပါအဝင် ကြာသပတေးနေ့ကစလို့ ပါလီမန်ရဲ့လှုပ်ရှားမှုတွေအားလုံးရပ်နားဖို့ အမိန့်ထုတ်ခဲ့တာပါ။ 

အတိုက်အခံပါတီတွေအားလုံးလည်း အစည်းအဝေးတွေကို ဖျက်သိမ်းခဲ့ကြပါတယ်။ 

ကြာသပတေးနေ့က တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၀၀ ကျော်ရှိလာချိန်မှာ ပါလီမန်ကို ရပ်နားလိုက်ရတာဖြစ်ပါတယ်။ 

ရောဂါပိုးတွေ့သူ ၄၄၁ ဦးအနက် အများစုက ဆိုးလ်မြို့ကဖြစ်ပါတယ်။  

တောင်ကိုရီးယားမှာ ကြာသပတေးနေ့က နေ့စဉ်ရာဂဏန်းကူးစက်မှု ၁၄ ရက်မြောက်နေ့ဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈ ၇၀၆ ဦးရှိပြီဖြစ်ပါတယ်။ သေဆုံးသူက ၃၁၃ ဦးရှိပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးနိုင်ဖို့ ဘာသာရေးအခမ်းအနားတွေအားလုံးကိုလည်း တားမြစ်ထားပါတယ်။ 

သမ္မတမွန်ဂျေအင်းက ကြာသပတေးနေ့က ပရိုတက်စတင့်ဘာသာရေးခေါင်းဆောင် ၁၅ ဦးနဲ့တွေ့ဆုံခဲ့ပြီး ကပ်ရောဂါထိန်းချုပ်ရာမှာ ပူးပေါင်းပါဝင်ဆောက်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly