ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးမှ အနားယူဖွယ်ရှိ 

By NHK 
28 August 2020
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးမှ အနားယူဖွယ်ရှိ 

ဩဂုတ် ၂၈ 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေးပြဿနာကြောင့် ရာထူးမှ အနားယူရန် စီစဉ်နေကြောင်း နီးစပ်သောရင်းမြစ်များအရ သိရသည်။ 

၎င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ရန်လည်းစီစဉ်ထားသည်။  

အာဘေးသည် ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်အတွင်း ဆေးရုံသို့ နှစ်ကြိမ်သွားရောက်ခဲ့သဖြင့် ၎င်း၏ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီဟူသော မှန်းဆချက်များ ပိုမိုမြင့်တက်လာခဲ့သည်။  

အာဘေးသည် ကျန်းမာရေးပြဿနာကြောင့် ထိုသို့စဉ်းစားရခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကာ ၂၀၀၇ ခုနှစ်ကလည်း ဝန်ကြီးချုပ်အဖြစ်ထမ်းဆောင်ပြီး တစ်နှစ်အကြာတွင် အူသိမ်အူမရောင်ရမ်းရောဂါကြောင့် ရာထူးမှုအနားယူခဲ့ရသည်။  

အာဘေးသည် ၂၀၁၂ ခုနှစ်က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဝန်ကြီးချုပ်အဖြစ် ပြည်လည်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တစ်ဦးဖြစ်လာခဲ့သည်။  

အာဘေးသည် ဝန်ကြီးချုပ်အဖြစ် တစ်နှစ်ကျော်တာဝန်ထမ်းဆောင်ရဦးမည်ဖြစ်ကာ ၎င်း၏ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌသက်တမ်းသည် လာမည့်နှစ် စက်တင်ဘာတွင် ကုန်ဆုံးမည်ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly