အမှုဟောင်းဖြင့် ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းကို ထောင် ၆လချ

 အမှုဟောင်းဖြင့် ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းကို ထောင် ၆လချ
Photo Creadit - Athan

ဩဂုတ် ၂၇

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဟောင်း ဖြစ်သူသူ ကိုလင်းထက်နိုင်(ခ) ဂျိမ်းကို ကျောက်တံတားမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၂၅ရက်က ကျောက်တံတားမြို့နယ်တရားရုံးတွင် ပြလုပ်သည့် ရုံးချိန်းတွင် ကိုလင်းထက်နိုင်(ခ)ဂျိမ်းကို ရာဇသတ်ကြီးပုဒ်မ ၄၆၈ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုလင်းထက်နိုင်(ခ)ဂျိမ်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကပြုလုပ်ခဲ့သည့် ပညာရေးသပိတ်တောင်းဆိုမှုနှင့်ပတ်သက် ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ချိန်တွင် မှတ်ပုံတင်အတု တစ်ခုတွေ့ရှိမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကိုလင်းထက် နိုင်၏ အမျိုးသမီးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောကြားသည်။

 “  အမှုကလေးနှစ်လောက်ရှိနေပြီ။ ၂၀၁၆ ခုနှ စ်ကတည်းက ၂၀၁၅ ခုနှစ်တုန်းက ကိုဂျိမ်းကို ဖမ်းတဲ့အချိန်မှာ သူ့အိတ်ထဲမှာ မှတ်ပုံတင်တစ်ခုတွေ့တယ်။ မှတ်ပုံတင်အတုပြုလုပ်မှုနဲ့ အဲဒီကတည်းက စွဲထားတာ။ ၂၀၁၅ အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ကျွန်မတို့ အမှုတွေအကုန်လုံးကို ပိတ်တယ်။ အမှုတွေပိတ်ပြီးမှ ဒီအမှုကိုထပ်စွဲတာ။ အဲဒီအမှုကို ပိတ်ဖို့ ရုံးတင်လိုက်တာ။ ဖြစ်ချင်တော့ လဝကဘက်က အမှုကိုပိတ်မပေးဘူး။” ဟု ကိုလင်းထက်နိုင်၏ အမျိုးသမီးဖြစ်သူ မဖြိုးဖြိုးအောင်က မဇ္ဈိမသို့ ပြောသည်။

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်အပါအဝင် အခြားသောအမှုများကို အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များကို အမှုပိတ်သိမ်းခဲ့သော်လည်း ကိုလင်းထက်နိုင်အား ရာဇသတ်ကြီးပုဒ်မ ၄၆၈ဖြင့် လေးနှစ်ကျော်ကြာအမှုရင်ဆိုင်ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly