စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ကျန်းမာရေးဝန်ထမ်း ၂၂ ဦး ထပ်မံရောက်ရှိ

စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ကျန်းမာရေးဝန်ထမ်း ၂၂ ဦး ထပ်မံရောက်ရှိ
Photo Creadit - Ministry of Health and Sports, Myanmar

သြဂုတ် ၂၆ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြု စုစုပေါင်း ၂၂ဦးသည် သြဂုတ် ၂၅ရက်နေ့က စစ်တွေသို့ရောက်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။

Photo Creadit - Ministry of Health and Sports, Myanmar

သြဂုတ် ၂၅ရက်နေ့က ရောက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများမှာ လက်ထောက်ဆရာဝန် ၃ ဦး၊ သွားနှင့်ခံတွင်းဆရာဝန် ၁ ဦး၊ ပြည်သူ့ကျန်းမာရေးဆရာမကြီး ၁ ဦး၊ အထက်တန်းသူနာပြု  ၅ ဦးနှင့် သူနာပြု ၁၂ ဦး တို့ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ်လ ၂၅ရက်နေ့ ည၈ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၀၉ ဦး ရှိပြီဖြစ်ကာ ထိုအထဲတွင် စစ်တွေမြို့မှ ၈၅ဦး၊ မြောက်ဦးမြို့မှ ၃ ဦး၊ သံတွဲမြို့မှ ၂ ဦး၊ ဘူးသီးတောင်မြို့မှ ၄ ဦး၊ ကျောက်ဖြူမြို့မှ ၃ ဦးနှင့် ပေါက်တောမြို့မှ ၁၂ ဦး တို့ဖြစ်သည်။

ပြီးခဲ့သည့်  ဩဂုတ်လ ၂၃ ရက်နေ့ကလည်း စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မိမိဆန္ဒအလျှောက် ယာယီတာဝန် ထမ်းဆောင်ရန် ဆရာဝန်နှင့် သူနာပြုစုစုပေါင်း ၂၄ ဦးရောက်ရှိခဲ့သေးသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကူးစက်ခံနေရသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့်  အမျိုးအစားဖြစ်နိုင်သောကြောင့် ကူးစက်မှုမြန်ဆန်ကြောင်း ဆေးသုတေသနဦးစီးဌာမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly