ဆန္ဒပြဆရာဝန်များ လုပ်ငန်းခွင် ပြန်ဝင်ရန် တောင်ကိုရီးယား အမိန့်ထုတ်

ဆန္ဒပြဆရာဝန်များ လုပ်ငန်းခွင် ပြန်ဝင်ရန် တောင်ကိုရီးယား အမိန့်ထုတ်

ဩဂုတ် ၂၆

တောင်ကိုရီးယားနိုင်ငံတွင် အစိုးရ၏ အဆိုပြုချက်အချို့ကို ဆန့်ကျင်ကာ သုံးရက်တာ ဆန္ဒပြမှု စတင်သည့် ဆိုးလ်မြို့ဧရိယာအတွင်းမှ ဆရာဝန်များကို လုပ်ငန်းခွင် ပြန်ဝင်ရန် အစိုးရက ဩဂုတ် ၂၆ ရက်တွင် အမိန့်ထုတ် သည်။

ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့သော ကျန်းမာရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် ဆရာဝန်များ ပိုမိုမွေးထုတ်ခြင်းအပါအဝင် အစိုးရ၏ အဆိုပြုချက်များကို ဆရာဝန်များက သပိတ်မှောက်ကြခြင်းဖြစ်သည်။

သင်တန်းသား ဆရာဝန်များက သပိတ်မှောက်ခြင်းကို စတင်ပြီး ဗုဒ္ဓဟူးနေ့တွင် စတင်သော သုံးရက်တာ သပိတ်ကို နောက်ထပ် ဆရာဝန်ထောင်ပေါင်းများစွာ ပါဝင်ကြမည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၌ အင်္ဂါနေ့ ညလယ်အထိ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူပေါင်း ၃၂၀ ဦး ရှိခြင်းနှင့်အတူ ကူးစက်မှု ဆိုးဝါးနေခြင်းကို ရင်ဆိုင်နေရချိန် ယခု ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ဆန္ဒပြမှုများကြောင့် တောင်ကိုရီးယားက အဓိက ဆေးရုံကြီး ငါးခုတွင် အချိန် အကန့်အသတ်များ ဖြစ်ပေါ်ကာ စီစဉ်ထားသော ခွဲစိတ်မှုများလည်း နှောင့်နှေးခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြသည်။

ယခု သီတင်းပတ်အစောပိုင်းက ဆရာဝန်များနှင့် အစိုးရကြား ကိုရိုနာဗိုင်းရပ်စ် လူနာများအား ကိုင်တွယ်ဖြေရှင်းရေးတွင် သဘောတူညီချက်တစ်ရပ် ရရှိခဲ့သော်လည်း ကျယ်ပြန့်သော အရေးကိစ္စများတွင် အပြန်အလှန် သဘောတူညီချက် မရဘဲ အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

“အစိုးရမှာ ရွေးချယ်စရာ မရှိပေမယ့် ပြည်သူတွေရဲ့ အသက်ဘေး စိုးရိမ်စရာမလိုဘဲ စီးပွားရေးလုပ်ငန်းကိုင်ငန်း ပြန်ဖွင့်ခိုင်းတဲ့ အမိန့်လိုမျိုး လိုအပ်တဲ့ ဥပဒေချမှတ်မှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်။ သင်တန်းသားဆရာဝန်တွေနဲ့ နောက်တိုး ဆရာဝန်တွေအားလုံး လုပ်ငန်းခွင် ချက်ချင်း ပြန်ဝင်ကြပါ။”ဟု ကျန်းမာရေးဝန်ကြီး ပတ်နန်ဟူးက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly