ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တပ်မတော်မှ ပူးပေါင်းဆောင်ရွက်မည်ဟု တပ်ချုပ်ပြော

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တပ်မတော်မှ ပူးပေါင်းဆောင်ရွက်မည်ဟု တပ်ချုပ်ပြော
Photo Creadit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဩဂုတ် ၂၅

၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရာမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကို သြဂုတ်လ ၂၄ရက်က လက်ခံတွေ့ဆုံစဉ် ပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI Toshimitsuနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည့် တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI Toshimitsuကလည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်အောင် တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ကို မျှော်လင့်ကြောင်း ပြောဆိုခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် ၂၀၂၀ အထွေထွေရွေးကောက် ပွဲကို တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောသည်။

တစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုကို နေပြည်တော် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ ပြုလုပ်ခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့် COVID-19၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်အခြေအနေများ၊ တပ်မတော်မှ အကြမ်းဖက် အဖွဲ့များရှိသည့်နေရာများမှအပ ကျန်ဒေသများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတို့ကို စက်တင်ဘာလ ၃၀ရက်အထိ ရွေ့ဆိုင်းထားသည့်အခြေအနေ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံအဖြစ်တည်ဆောက်ရာတွင် အများပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးကို ဆက်လက်ကူညီသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း ဆက်လက် ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly