မြန်မာရွေးကောက်ပွဲတွင် ရိုဟင်ဂျာ( မူရင်း ) နိုင်ငံရေးသမားများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြု

မြန်မာရွေးကောက်ပွဲတွင် ရိုဟင်ဂျာ( မူရင်း ) နိုင်ငံရေးသမားများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြု

ဩဂုတ် ၂၅

နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် အဗ္ဗဒူ ရာရှစ် သည်မြန်မာနိုင်ငံတွင်မွေးဖွားသူဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ခွင့်ရထားသည့် ရိုဟင်ဂျာ( မူရင်း ) မူဆလင်အနည်းငယ်အနက် တစ်ဦး အပါအဝင်ဖြစ်သည်။ 

၎င်း၏ဖခင်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ခဲ့သော်လည်း နိုင်ငံခြားသားမှ မွေးဖွားသူဖြစ်သည် ဟုဆိုကာ တာဝန်ရှိသူများက ရာရှစ် အား နိုဝင်ဘာလ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုခဲ့ပေ။

ရာရှစ် သည် နိုဝင်ဘာလ ၈ ရက်တွင်ပြုလုပ်မည့်ရွေးကောက်ပွဲတွင်ပါဝင်ရန်လျှောက်ထား သည့်အနည်းငယ်သော ရိုဟင်ဂျာ( မူရင်း )မူဆလင်များအနက်တစ်ဦးအပါအဝင်ဖြစ်သည်။

ရွေးကောက်ပွဲဥပဒေအရ မိဘများမှာ နိုင်ငံသားဖြစ်ကြောင်း ခိုင်လုံစွာသက်သေမပြနိုင် သဖြင့် ၎င်းတို့  ၆ ဦးကို ပယ်ချခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ပြုလုပ်မည့်ရွေးကောက်ပွဲသည် အရေးပါသော်လည်းလူ့အခွင့်အရေးအဖွဲ့ များကမူ ရိုဟင်ဂျာ( မူရင်း ) ကိုယ်စားလှယ်လောင်းများကို ဥပဒေနှင့်မညီဟုဆိုကာ ပယ်ချနေခြင်း မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အကန့်အသတ်များရှိနေသည်ကို ပြသနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိလူတိုင်းသည် လူမျိုး သို့မဟုတ် ဘာသာကို ထည့်သွင်းစဉ်းစားခြင်းမပြုပဲ ရွေးကောက်ပွဲတွင်ပါဝင်နိုင်သည့် တန်းတူအခွင့်အရေးရသင့်သည်ဟု အင်္ဂလန် အခြေစိုက် မြန်မာရိုဟင်ဂျာ( မူရင်း ) အဖွဲ့ခေါင်းဆောင် ထွန်းခင် က ပြောကြားခဲ့သည်။ နိုင်ငံတကာမှအလှူရှင် များအနေဖြင့် ရွေးကောက်ပွဲအတွက် ရန်ပုံငွေလှူဒါန်းခြင်း မပြုကြရန် ၎င်းကတိုက်တွန်းခဲ့ သည်။

ကျွန်တော်တို့တွင် အစိုးရမှထုတ်ပေးထားသော စာရွက်စာတမ်းများရှိနေကြောင်း၊ မိဘများမှာ နိုင်ငံသားများဖြစ်သည်ကို ၎င်းတို့မှလက်မခံကြကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်ရကြောင်း ရာရှစ် ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ( မူရင်း ) ဟူသော အခေါ်ဝေါ် သို့မဟုတ် ရိုဟင်ဂျာ( မူရင်း )အသိုက် အဝန်းကို တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအမှတ်ပြုထားခြင်းမရှိပေ။

ရိုဟင်ဂျာ( မူရင်း ) အသုံးအနှုန်းအစား ဘင်္ဂလားဒေ့ရှ် မှတရားမဝင် ဝင်ရောက်လာသူ ဘင်္ဂလီ များ အဖြစ်ဖော်ပြကြသည်။ သို့ရာတွင် ၎င်းတို့ ရခိုင်ပြည်နယ် တွင်နေထိုင်ခဲ့သည့် ရာဇဝင်ကို နောက်ကြောင်းလိုက်ခြင်းမရှိပေ။

မြန်မာနိုင်ငံတွင်ကျန်ရှိနေသည့်သိန်းပေါင်းများစွာသော ရိုဟင်ဂျာ( မူရင်း )များသည် ဒုက္ခသည်စခန်း များနှင့်ရွာများတွင်သာ နေထိုင်ရန် ကန့်သတ်ခြင်းခံနေရပြီး ကျန်းမာရေးစောင့်ရှောက်မှု    မရရှိဘဲ လှုပ်ရှားမှုများလည်းပြုလုပ်ခွင့်မရှိပေ။

ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေအတိုင်းကိုယ်စားလှယ်လောင်း ပယ်ချခြင်းကိုပြုလုပ်ခဲ့သည်ဟု NLD ပါတီမှ အကြီးတန်းတာဝန်ရှိသူ မုံရွာအောင်ရှင် ကပြောကြားခဲ့သည်။

ဘင်္ဂလီလူမျိုးဖြစ်စေ အခြားလူမျိုးဖြစ်စေ နိုင်ငံခြားသားများနှင့် တိုင်းရင်းသားမဟုတ်သူ များကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုဟု ၎င်းကပြောကြားခဲ့သည်။

ရာရှစ်၏ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကို ပယ်ချခဲ့သူ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်တင်လှိုင် က ရာရှစ် မွေးဖွားချိန်တွင် ၎င်း၏မိဘများမှာနိုင်ငံသား မဟုတ်သည်မှာသေချာသည်ဟုပြောကြားခဲ့သည်။ 

မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို နိုင်ငံတစ်ဝန်းတွင် ကပ်ထားသော်လည်း စစ်တွေမြို့ပြင် ရှိ ရိုဟင်ဂျာ( မူရင်း ) ဦးရေ ၁၀၀ ၀၀၀ ခန့်နေထိုင်သော ဒုက္ခသည်စခန်းများတွင် မဲစာရင်းစာရွက်များ လာကပ်ခြင်းမရှိဟု အဆိုပါစခန်း၏အကြီးအကဲ ကျော်လှအောင် ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly