အီတလီတိုက်စစ်မှူး ဗစ်တာကို စာချုပ်သက်တမ်းတိုးရန် ဇေယျာရွှေမြေ ညှိုနှိုင်းနေ

အီတလီတိုက်စစ်မှူး ဗစ်တာကို စာချုပ်သက်တမ်းတိုးရန် ဇေယျာရွှေမြေ ညှိုနှိုင်းနေ
ဇေယျာရွှေမြေ အသင်းမှ အီတလီတိုက်စစ်မှူး ဗစ်တာ။

နိုဝင်ဘာ ၁၁၊ ရန်ကုန်။     ။ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ်ကလပ် ဇေယျာရွှေမြေအသင်းသည် လာမည့်နှစ် ဘောလုံးရာသီအတွက် အသင်းမှ အီတလီတိုက်စစ်မှူး ဗစ်တာ ကိုစာချုပ်သက်တမ်းတိုးရန်ညှိုနှိုင်းမှု များပြုလုပ်နေသည်။

အီတလီတိုက်စစ်မှူး ဗစ်တာမှာ ၂၀၁၀ဘောလုံးရာသီတွင် ဇေယျာရွှေမြေအသင်း၌လာရောက်ကစားခဲ့ပြီး ၂၀၁၅ ဘောလုံးရာသီတွင် တကျော့ပြန်ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ဗစ်တာကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပါတယ်။ သူ့ဘက်ကလည်း အသင်းမှာဆက်နေမယ်လို့တော့ပြောတယ်။ ဒါပေမယ့် လစာကိစ္စတော့ ညှိုနှိုင်းဖို့ရှိနေပါတယ်။”ဟု ဇေယျာရွှေမြေအသင်း မီဒီယာတာဝန်ခံ ကိုကျော်ကျော်မိုးက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင်အသင်းအတွက်ကစားခဲ့သော နိုင်ငံခြားသားကစားသမား များထဲမှ အင်ဒိုနီးရှားတိုက်စစ်မှူး ဒီဒီကိုလည်း စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားသည်။

ဇေယျာရွှေမြေအသင်းသည် ရာသီကြိုကစားသမားခေါ်ယူမှုအဖြစ် ရခိုင်အသင်းကစားသမားသုံးဦးဖြစ်သော ပြည်မိုး၊ ပြည့်ဖြိုးကိုကို၊ ဝေဖြိုးလွင်တို့သုံးဦးကိုလည်း ခေါ်ယူထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly