တရုတ်၏ ဆည်ရေမြင့်တက်နေသော Three Gorges ဆည် ကျိုးပေါက်ပါက လူပေါင်း သန်း ၄၀၀ ဘေးတွေ့နိုင်

တရုတ်၏ ဆည်ရေမြင့်တက်နေသော Three Gorges ဆည် ကျိုးပေါက်ပါက လူပေါင်း သန်း ၄၀၀ ဘေးတွေ့နိုင်

ဩဂုတ် ၂၂

တရုတ်နိုင်ငံ၏ Three Gorges ဆည်ကြီးသို့ ရေစီးဝင်မှု တဖြည်းဖြည်း ကျဆင်းသော်လည်း သောကြာနေ့တွင် ဆည်ရေမျက်နှာပြင်က စံချိန်တင် မြင့်တက်နေသည်။

ထို့အတွက်ကြောင့် ဒေသခံပေါင်း သန်း ၄၀၀ အတွက် ဘေးအန္တရာယ် ကျရောက်စေမည့် ဆည်ကျိုးကျမည့် ဖြစ်ပေါ်နိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများအား ဖြေသိမ့်ပေးမှုမှာ အနည်းငယ်သာ ထိရောက်မှု ရှိနေတော့သည်။

ကမ္ဘာ့အကြီးဆုံး ရေသိုလှောင်ထိန်းချုပ်မှုများမှ တစ်ခုဖြစ်သော ယင်း ဆည်ကြီးအတွင်း ရေစီးဝင်မှုသည် သောကြာနေ့က ၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။  

သို့ရာတွင် ဆည်ကြီးအတွင်းမှ ရေဖောက်ချခြင်းသည်လည်း ရေကြီးရေလျှံမှုများကြောင့် အကန့်အသတ် ရှိနေရာ ဆည်ရေက မြင့်တက်လျက် ရှိနေဆဲ ဖြစ်သည်။

ယန်ဇီမြစ်ဝှမ်းလွင်ပြင်တစ်ရောက် နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ စနေနေ့တွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြရပြီး အာဏာပိုင်များက အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲပဲ ဖြစ်သည်။

မိုးရွာသွန်းမှု စဲသွားသော ဆောင်းရာသီတွင် ခရီးရောက်သော သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတို့အတွက် ဆည်ကြီးအတွင်း အများဆုံး ရေအမှတ် ၁၇၅ မီတာအထိ သိုလှောင်စုဆောင်နိုင်ခွင့် ရှိသည်။ 

နွေကာလများ၌ မိုးဝင်လာလျှင် ရေကြီးမှုများကို ပိုမို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးအတွက် ရေအမှတ် ၁၄၅ မီတာအထိသာ ကန့်သတ်သိုလှေင်ခွင့် ပြုခြင်း ဖြစ်သည်။

လက်ရှိ ရေအမှတ်မှာ ထိုထက်များပြီး ၁၆၆ မီတာ ရှိနေသည်။

ဆည်အပေါ် ကြီးထွားလာသော ဖိအားများကြောင့် ကျိုးပေါက်လာနိုင်သည်ဆိုသော ပြောဆိုမှုများ ရှိလာခဲ့ကာ အကယ်၍ ဆည်ကျိုးပေါက်ခဲ့ပါက အလွန်ဆိုးဝါးသော နောက်ဆက်တွဲကို ရင်ဆိုင်ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။

ပြီးခဲ့သည့်လ ရေကြီးမှုအတွင်း ဆည်ရေမြင့်တက်ချိန်က ဆည်သည် ရွှဲ့စောင်းသွားရခြင်း သို့မဟုတ် ကျိုးပေါက်ခြင်းများ ဖြစ်မည့် ဘေးမရှိကြောင်း ဆည်ကို စီမံခန့်ခွဲနေသူများက တရုတ်ကွန်မြူနစ်ပါတီ အာဘော် Global Times သတင်းသို့ ပြောသည်။

သို့သော် ယင်း ဆည်ကြီးသာ ကျိုးပေါက်ခဲ့ပါက ရှန်ဟိုင်းနှင့် အခြားသော မြို့များ ရေလွှမ်းမိုးသွားမည် ဖြစ်ပြီး ရေစုန်တွင် နေထို်ငသော လူပေါင်း သန်း ၄၀၀ ကျော် ဘေးတွေ့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly