ရန်ကုန်တိုင်းမှာ မဲစာရင်းပြင်ဆင်သူ ၄ သိန်းနီးပါးရှိ

ရန်ကုန်တိုင်းမှာ မဲစာရင်းပြင်ဆင်သူ ၄ သိန်းနီးပါးရှိ

ရန်ကုန်တိုင်းတွင် မဲစာရင်းလာရောက်ကြည့်ရှုသူမှာ ၁၆သိန်းခန့်ရှိပေမယ့် အိမ်ထောင်စုတစ်စုကို အနည်းဆုံးတစ်ဦးလာရောက်ကြည့်ရှုသောကြောင့် မဲဆန္ဒရှင် ၄၈ သိန်းခန့်လာရောက်စစ်ဆေးခဲ့ခြင်းနှင့်ညီမျှကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်မှ ဦးတင်မောင်အေးကပြောသည်။

မဲစာရင်းတွင် အမည်မပါလာသည့်အတွက် အမည်ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့်လျှာက်ထားသူ ၂ သိန်း ၄ သောင်း၊ မဲစာရင်းတွင် မပါသင့်သူများ ပါနေသောကြောင့် ပုံစံ(၄) နှင့် ကန့်ကွက်သူ ၃ သောင်း ၄ ထောင်နှင့် မဲစာရင်းပါအချက်အလက်မှားယွင်းနေသောကြောင့် ပုံစံ(၄-ဂ)နှင့် ပြင်ဆင်လွှာတင်သွင်းသူပေါင်း ၁ သိန်း ၁ သောင်းရှိပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူပေါင်း ၄ သိန်းနီးပါးရှိခဲ့ကြောင်းသိရသည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/72375

တည်းဖြတ်/တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly