ဆေးဝါး ထုတ်လုပ်ခြင်း၌ အီးယူ၏ ရင်းနှီးမြုပ်နှံမှုကို ဗီယက်နမ် ဖိတ်ခေါ်

ဆေးဝါး ထုတ်လုပ်ခြင်း၌ အီးယူ၏ ရင်းနှီးမြုပ်နှံမှုကို ဗီယက်နမ် ဖိတ်ခေါ်

ဩဂုတ်၊ ၁၅

ဗီယက်နမ်နိုင်ငံသည် ဆေးဝါးပစ္စည်းနှင့် ဆေးဝါးထုတ်လုပ်မှု၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို တိုးချဲ့နိုင်ရေးအတွက် ဥရောပသမဂ္ဂ အီးယူနှင့် လွဝ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှုသစ်ရရန် ကြိုးပမ်းလျက် ရှိသည်။

တရုတ်အပေါ် အမှီပြုနေရသော ထုတ်လုပ်မှုအား ပုံစံပြောင်းခြင်းအဖြစ် အစိုးရက နိုင်ငံအား ဖော်ဆောင်နေခြင်းနှင့်အတူ ယခုကဲ့သို့ ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

နိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီပေါင်းစုကြီးဖြစ်သည့် Vingroup က ဗီယက်နမ်နိုင်ငံအတွင်း ဆေးဖက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန် အိုင်ယာလန်အခြေစိုက် ဆေးဖက်ဆိုင်ရာအကြံပေး Medtronic နှင့် မိတ်ဖက်ပြုကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ဗီယက်နမ်စီးပွားရေးက ခါးစည်းခံနေရချိန် ပြည်တွင်း ကုန်ထုတ်လုပ်သူများအား ဆေးဝါးထုတ်ကုန်များ ထုတ်လုပ်ရေးသို့ ချဲ့ထွင်ကြရန် အစိုးရ၏ တွန်းအားပေးခြင်းနှင့်အတူ ယခု သဘောတူညီချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ပို့ကုန်ဦးဆောင်သော ဗီယက်နမ်စီးပွားရေးသည် ဒုတိယသုံးလပတ်၌ ဂျီဒီပီဖွံ့ဖြိုးနှုန်း ၀ ဒသမ ၃၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာ ဇန်နဝါရီမှ မတ်လအထိ ကာလအတွင်း ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ သိသိသာသာ ကျဆင်းခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ ဂျီဒီပီ ဖွံ့ဖြိုးနှုန်းသည် ၂၀၁၉ က ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၀ တွင် ၂ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly