(၇၄) နှစ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ

(၇၄) နှစ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ
ဓာတ်ပုံ - သူရ / မဇ္ဈိမ

သြဂုတ်လ ၁၅ရက်

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ကုန်သည်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာအန္ဒိယနိုင်ငံသံရုံးမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

(၇၄) နှစ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့ အခမ်းအနားကိုတော့ အခမ်းအနားအစီအစဉ် ၃ရပ်နဲ့ ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

အဲဒီ အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားမှာတော့ အိန္ဒိယသမ္မတနိုင်ငံတော်အလံကို လွှင့်တင်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးမစ္စတာဆော်ရက်(ဘ်)ကူမားက အိန္ဒိယနိုင်ငံသမ္မတကြီးပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသမ္မတကြီးပေးပို့တဲ့သဝဏ်လွှာထဲမှာတော့ ကိုဗစ် ၁၉ကပ်ရောဂါအကြောင်း၊ ပြည်သူတွေကို အထောက်အပံ့ပေးတဲ့ အစီအစဉ်တွေ၊ နယ်စပ်အရေးအပါအဝင် လူငယ်တွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အလေးထား ပြောဆိုထားပါတယ်။

 “ကိုဗစ်ကာလအချိန်မှာ လူငယ်တွေလည်း သင်ခန်းစာတွေကောင်းကောင်းရခဲ့ကြပါတယ်။ အိန္ဒိယရဲ့အနာဂတ် ဟာ သူတို့လက်ထဲမှာ ဘေးကင်းလုံခြုံမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျောင်းတွေပိတ်တာဟာလည်း ခဏတာဖြစ်ပြီးတော့ ရည်မှန်းချက်အိပ်မက်တွေ မစွန့်လွှတ်ဖို့သူတို့ကိုမှာချင်ပါတယ်။”ဟု  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမစ္စတာဆော်ရက်(ဘ်)ကူမားက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ရှေ့တန်းကတိုက်ပွဲဝင်ခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် နိုင်ငံအနေနဲ့ကျေးဇူးအကြွေးတင်ရှိနေပြီး ကပ်ရောဂါကို တိုက်ဖျက်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ နိုင်ငံရဲ့ သူရဲကောင်းတွေဖြစ်တယ်လို့  အိန္ဒိယသံအမတ် ကြီးမစ္စတာဆော်ရက်(ဘ်)ကူမားက ပြောပါတယ်။

(၇၄) နှစ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားကိုတော့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီးနဲ့ သံရုံးကဝန်ထမ်းတွေသာ တက်ရောက်ခဲ့ကြပြီး အန္ဒိယနွယ်ဖွား ရိုးရာယဉ်ကျေးမှု အက၊ သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ကြသူတွေကိုလည်း ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။

(၇၄) နှစ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားကိုတော့ တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုနှစ်ကျရောက်တဲ့ အိန္ဒိယနိုင်ငံလွပ်လပ်ရေးနေ အခမ်းအနားကို ကန့်ချက်တွေနဲ့ အကျဉ်းချုပ်သာ ကျင်းပခဲ့ပါတယ်။

အိန္ဒိနိုင်ငံဟာ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ ဗြိတိသျှတွေဆီက လွတ်လပ်ရေးရယူနိုင်ခဲ့ တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required