လူ ၁၅ ဦးသတ်မှတ်ချက်အစား လူ ၃၀ ဦးအောက် စုဝေးခွင့်ကို ကျန်းမာရေးဝန်ကြီးဌာနက ဖြေလျော့မှု

လူ ၁၅ ဦးသတ်မှတ်ချက်အစား လူ ၃၀ ဦးအောက် စုဝေးခွင့်ကို ကျန်းမာရေးဝန်ကြီးဌာနက ဖြေလျော့မှု

သြဂုတ် ၁၃ရက်

COVID_19 ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကန့်သတ်ထားသည့် လူ ၁၅ ဦးနှင့်အထက်ပို၍ စုဝေးခြင်းမပြုရဆိုသည့် သတ်မှတ်ချက်အစား လူ ၃၀ ဦးအောက် စုဝေးခွင့်ဖြေလျော့မှုသည် သြဂုတ်လ ၁၆ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သည်။

 “ အဖြေလျော့မှုကတော့ သူတို့ဆက်ကြည့်ပြီးတော့မှ အဲ့လိုရောဂါတွေ့ရှိတဲ့ လူနာတဖြည်းဖြည်းနဲ့ လျော့သွား တာနဲ့ ဆက်ပြီး သူတို့ဘာလေးတော့ ဖြေလျော့ပေးသွားမယ့်သဘောလို့ ကျနော်ထင်တယ် “ဟု တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) ဦးရန်ရှင်းက ပြောသည်။

COVID-19 ရောဂါ၏ ဖြစ်ပွားမှုအခြေအနေအရ  ခြွင်းချက်ပြုထားသည့် ကိစ္စရပ်များမှအပ လူ ၁၅ ဦးထက် ပိုစုဝေးခြင်းအစား  ၃၀ ဦးနှင့်အထက် ပိုစုဝေးခြင်းမပြုရန် ပြင်ဆင်ချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သြဂုတ် ၁၃ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

COVID- 19 ရောဂါတွေ့ရှိမှုများခဲ့သည့် ဧပြီလမှစ၍ အစိုးရက လူစုလူဝေးပြုလုပ်ခြင်းကိုတားမြစ်ခဲ့ပြီး ဧပြီ ၂၈ ရက်တွင် လူငါးဦးထက် ပိုစုဝေးခြင်းမပြုရန်လည်းကောင်း၊ ဇူလိုင် ၂၉ ရက်တွင် လူ ၁၅ ဦးထက် ပိုစုဝေးခြင်း မပြုရန် ထုတ်ပြန်ခဲ့သည်။

ကန့်သတ်ချက်များကို အစိုးရကလျှော့ချနေသော်လည်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန်နှင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်တို့ကို ဆက်လက်ကန့်သတ်ထားသေးသည်။

 မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သြဂုတ် ၁၂ရက်နေ့ ည၈နာရီထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ်တစ်ဦးတွေ့ရှိခဲ့ပြီး ပို့တွေ့လူနာစုစုပေါင်း ၃၆၁ ဦးရှိသည်။

ရောဂါပြန်လည်ကင်းစင်လာသူ ၃၁၈ ဦးထိရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly